ကင်မရာမီးရောင် တဖျတ်ဖျတ်နဲ့ လင်းထိန်နေတဲ့ ထိုင်းနိုင်ငံ၏ နာမည်ကြီးအနုပညာရှင်တွေ၊ စီးပွားရေးသမားတွေ၊ Celebrity တွေများစွာ တက်ရောက်လာတဲ့ Fashion show ကြီးရဲ့အလယ် အဖြူရောင် Suit ကိုမှ နာမည်ကြီး Designer တွေရဲ့ လက်ရာမှန်းသိသာလှစွာ မျက်စိမလွှဲချင်စရာ ဖန်တီးထားမှုဟာ အနုစိတ်သေသပ်လှပနေပြီး ဒီအလှတရားတွေကို ထပ်ဆင့်ပိုလှစေဖို့ ၀တ်ဆင်ထားသူဟာထိုင်းနိုင်ငံရဲ့ No.1 Actor တယောက်ဖြစ်တဲ့ Fourth Natawat။
"လှလိုက်တာနော်.. ဒီ၀တ်စုံကသူ့တွက်များ ဖန်တီးထားသလားမှတ်ရတယ် လိုက်ဖက်လိုက်တာ "
တက်သစ်စ model မလေးတစုဟာ အဖြူရောင် suit နဲ့ လှပတာလား .. ချောမောတာလား..
ခံ့ညားတာလား..အိုးးးး တခုစီ ခွဲပြောရင် ဘယ်လိုမှ မပြည့်စုံနိုင်တဲ့ အဲ့ဒီဖြစ်တည်မှုလေးကို ငေးမောရင်း ချီးကျူးအားကျနေလေရဲ့ ။"သာမာန်ပါပဲ .....လှတယ်လို့လဲ ပြောလို့မရပါဘူး pinnရယ်..ဟုတ်တယ်မလား အမlon"
"ဟုတ်တာပေါ့ညီမလေးnom လှတယ်ဆိုတာ ဟော့ဒီက ညီမလေး nomလိုမျိုးကိုမှပြောရတာ ကြည့်ပါဦး.....လက်တံလေးတွေဆိုလဲ ရှည်ရှည်လေးတွေ၊အိုးးးးလှလိုက်တာ ....ဟစ်ဟီး..ဟီး"
"အဟက်ဟက်....အမြင်အတိုင်းချီးကျူးနေတာကို စိတ်ထဲက မနာလိုမှုတွေက မဖုံးနိုင်မဖိနိုင် ပွင့်ထွက်လာတာ ကြောက်စရာကောင်းလိုက်တာနော်"
Fotလေး interview ဖြေနေတုန်း ဖုန်းတခု၀င်လာတာကြောင့် ဖုန်းလာပြောရင် ဒီအပုတ်ပွ2ကောင်ရဲ့ စကားကို momပြန်ချေပပစ်ခဲ့သည်။
ဘာတဲ့....လှတယ်ဆိုတာ ဒီသက်ကြားအိုမကြီးကိုတဲ့လား ?
ငါ့fotလေးက နုနုကြွကြွလှလှလေးမို့ မနာလိုနေတာ အဂ်ါဂြိုလ်က ကြည့်တောင်မြင်နေရတယ် ဟစ်ဟစ်....
ဒီလူတေနားနေရတာ အပုတ်နံ့တွေပါရလာသလိုပဲ၊ ငါ့ကလေးနားအမြန်သွားတာပဲကောင်းတယ်...ဟွင့် 🙄"5မိနစ်ပဲ ကျန်ပါတော့တယ်နော်..မြန်မြန်လေးလုပ်ပေးကြပါရှင့်"
P'momစကားအဆုံး သူ့ရှေ့က mic တွေနဂိုမူလနေရာထပ် အရှေ့ကို နဲနဲစီ တိုးလာတယ်လို့ fotထင်မိတယ်။

YOU ARE READING
Invests With Heart (Completed)
Fanfictionကျနော်တို့ နောက်ဘယ်တော့မှ ထပ်မတွေ့ကြရအောင်ပါ Khun Gemini Fourth Nat ...ကိုယ်တို့တယောက်ကိုတယောက် သိသိရက်နဲ့ရော မသိပဲနဲ့ပါ ထိခိုက်နာကျင်စေခဲ့တာ တွေ၊ ဆုံးရှုံးနစ်နာစေခဲ့တာတွေအရမ်းများခဲ့မှန်းကိုယ်သိပါတယ်၊ ဒါပေမယ့်..... ...