"လာ fourth...."
ဒေါက်တာ ညွှန်ပြတဲ့ထိုင်ခုံမှာ fot၀င်ထိုင်လိုက်သည်။
သူနဲ့စကားပြောချင်လို့ပါဆိုပြီး လာခေါ်တာနဲ့ သူကိုယ်တိုင်လဲ ဒေါက်တာနဲ့ ပြောစရာရှိတာမို့ အဆင်သင့်သွားသည်။"ဆရာ fourth နဲ့စကားပြောချင်နေတာကြာပြီး၊ စတွေ့ထဲက စကားပြောချင်နေခဲ့တာလေ၊ fourth ရော ဆရာနဲ့ စကားပြောချင်ရဲ့လား"
"ဘာလို့ကျနော်နဲ့ စကားပြောချင်တာလဲဒေါက်တာ"
"အော် ...အဲ့တာကလား၊ fourth က ဒေါက်တာတွေ့ဖူးသမျှ လူနာထဲမှာ အသန်မာဆုံးနဲ့အတော်ဆုံးမို့လို့လေ၊ fourth ဆီကနေ ဆရာလဲ တခုခုပြန်သင်ယူချင်လို့ပါ၊ ဆရာနဲ့ စကားပြောချင်တဲ့ စိတ်ဆန္ဒရှိရဲ့လားဗျ"
"ဟုတ်ကဲ့၊ မဟုတ်လဲ ကျနော် ဒေါက်တာနဲ့ စကားလာပြောဖို့ စီစဉ်နေခဲ့တာပါ၊ ဒီလိုတွေမဖြစ်ခဲ့ဘူးဆိုရင်ပေါ့"
"Fourth က ဆရာနဲ့စကားပြောချင်နေတာလား၊ ကဲ....ဘာပြောချင်တာလဲပြောလေ၊ ဆရာ နားထောင်ပေးမယ်နော် "
"ကျနော့ ရောဂါအခြေနေပါ ဒေါက်တာ"
ဒေါက်တာသည် ခနတော့ အံ့ဩသွားတဲ့ပုံပင်။
Fotမျက်နှာကို စေ့စေ့စပ်စပ်ကြည့်လာသည်။"Fourth ဘယ်ရောဂါကိုပြောတာလဲဆိုတာ ဆရာ့ကို သေချာလေးပြောပြပါလား၊ "
"psychotic Depressionကိုပြောတာပါဒေါက်တာ"
"ဒီရောဂါFourthမှာ ရှိနေတယ်ဆိုတာ ဘယ်ချိန်တုန်းက စသိတာလဲ ဆရာ့ကိုပြောပြပါလား"
"ကျနော်သိတာမကြာသေးပါဘူးဆရာ၊ စသိသိချင်းထဲက ဆရာ့ဆီလာပြီးဆွေးနွေးဖို့ ကျနော် ပြင်ဆင်နေခဲ့တာပါ"
P'ran နဲ့အတူနောက်ဆုံးတခေါက်ဆေးရုံလာတဲ့အခေါက် ဒေါက်တာနဲ့စကားပြောပြီးပြန်ထွက်လာရင်း file list တွေယူထုတ်လာပြီး သူတို့နားရောက်မှ ဖွက်လိုက်တဲ့ p'ran ကို fot သတိထားမိသည်။
ထို့ကြောင့် p'ran လစ်တဲ့အချိန် မသက်ာလို့ ယူကြည့်မိလိုက်လို့သာ သူသိခဲ့ရတာ။
သူသာ မယူကြည့်ခဲ့ရင် သူ့မှာ ဒီရောဂါဖြစ်နေမှန်း မသိပဲနဲ့ သေဆုံးသွားနိုင်မလားပင်။"Khun ran ပြောပြခဲ့တာပေါ့နော်၊ fourth"
"Phiမပြောပြပါဘူးဒေါက်တာ၊ မပြောပြလို့ရရင် သူတို့တွေက ကျနော့ကိုတသက်လုံးမပြောပြပဲ တိတ်တဆိတ် ကြည့်ရှူပေးကြမယ့် သူတွေပါ၊ ဒါပေမယ့် ကျနော်ကတော့ အဲ့လိုမဖြစ်စေချင်ပါဘူး"

YOU ARE READING
Invests With Heart (Completed)
Hayran Kurguကျနော်တို့ နောက်ဘယ်တော့မှ ထပ်မတွေ့ကြရအောင်ပါ Khun Gemini Fourth Nat ...ကိုယ်တို့တယောက်ကိုတယောက် သိသိရက်နဲ့ရော မသိပဲနဲ့ပါ ထိခိုက်နာကျင်စေခဲ့တာ တွေ၊ ဆုံးရှုံးနစ်နာစေခဲ့တာတွေအရမ်းများခဲ့မှန်းကိုယ်သိပါတယ်၊ ဒါပေမယ့်..... ...