အနမ်းပင်လယ်🌊🌊🌊
အပိုင်း(15)''ပြန်ပို့လိုက်ပြီလား..."
''ဟုတ်ကဲ့ဥက္ကဌ မိန်းကလေးအတော်နေမကောင်းဘူးထင်တယ် ဖြူဖျော့နေပြီး
ကယောင်ကတမ်းတွေပြောတယ်
ပြီးတော့...."ပြောကာတိတ်သွားသော စစ်ပိုင်။
အဓိက လက်ခြားညှပ်ထားသော
အငွေ့တစ်ထောင်းထောင်းထနေသော
ဆေးလိပ်အား ဆေးလိပ်ခွက်ထဲဖိခြေပစ်ကာ
မျက်ခုံးကြီးများကူတ်သွား၏။''ဆက်ပြော..."
''ဟို မ်ိန်းကလေးက သားလေးဆိုပြီး
ယောင်ယမ်းခေါ်နေတာပါ
အံ့လေးကိုခေါ်နေတာဖြစ်မယ်..."အဓိက နှုတ်ခမ်းများခပ်မဲ့မဲ့ဖြစ်သွား၍..
''အဟွန်း ပါးစပ်ကသားအရင်းကိုတောင်မုန်းတယ်ပြောတဲ့မိန်းမက သားကိုယောင်ခေါ်တယ်ဖြစ်ပါ့မလား...ဟား...."
ပြောလဲပြောနာကျင်စွာရယ်နေသော
ဥက္ကဌအား စစ်ပိုင်ကြည့်၍မသက်မသာဖြစ်နေမိ၏။လက်မှဒဏ်ရာအားပတ်တီးစည်းထားသော်လဲ
ဒဏ်ရာကယောင်နေတာကြောင့်...''ဥက္ကဌ ဒဏ်ရာကဆေးထပ်ထည့်အုံးမလားဗျ..."
''ရတယ်.. ထားလိုက် သားကိုညနေမင်းသွားခေါ်လိုက် ငါခဏနေအိမ်ပြန်လိုက်မယ်
မင်းအချစ်ကမ္ဘာအခြေအနေကိုစောင့်ကြည့်ထား..."''ဟုတ်ကဲ့ဥက္ကဌ..."
''သတင်းပေးတဲ့ဝန်ထမ်းကိူထပ်မမြင်ချင်ဘူး
ငါ့companyက အဲ့ဒီလိုအကျင့်ချစားတဲ့လူက်ို
အလွတ်မပေးတက်ဘူးတရားစွဲပစ်လိုက်
ဘာနဲ့လိုက်လိုက်အမူလူံးဝမပိတ်ပေးနဲ့..."''ဟုတ်ကဲ့ ဥက္ကဌ..."
စစ်ပိုင်ထွက်သွားမှ အဓိကထိူင်နေရာမှထသွား၍ပြတင်းပေါက်အနားရပ်လိုက်ကာ
ဘောင်းဘီအိတ်ထဲလက်များထည့်၍
ကောင်းကင်ကြီးဆီမော့ကြည့်လိုက်သည်။''ဒေါက်...ဒေါက်..'
''ဥက္ကဌ... မင်းသမီးသွန်းဆက်သွင်
ဥက္ကဌနဲ့တွေ့ဖို့ခွင့်တောင်းနေပါတယ်..."စက်ခလုတ်မှထွက်လာသော
Reception ကောင်တာမှမိန်းကလေးအသံကြောင့် အဓိကတစ်ချက်ငဲ့ကြည့်လိုက်၍
ခလုတ်အားပြန်နှ်ိပ်ကာ..
YOU ARE READING
အနမ်းပင်လယ်🌊🌊🌊(ဒုတိယတွဲ)
Roman d'amourဆယ်နှစ်ကြာ အဓိက သားတစ်ယောက်နဲ့အတူ မြန်မာနိုင်ငံကိုပြန်လာပြီးနောက် ကွာရှင်းထားသည့်ဇနီးသည်ကိုနားကြီးစိတ်ကြောင့် ဘယ်လိုတွေပြန်လက်တုန့်ပြန်သွားမလဲ ဘယ်လိုလှည့်ကွက်တွေကြောင့် သူတို့နှစ်ဦးကြားအခုလိုတွေဖြစ်သွားတာလဲဆိုတာ သိကြတဲ့အခါ ဇနီးဖြစ်သူကို ဘယ်လိုပြန်က...