အနမ်းပင်လယ်🌊🌊🌊
အပိုင်း(17)''ဘာ..ငါ့သမီးလေးကအဲ့ဒီကောင်လက်ထဲမှာဟုတ်လား..."
ကြောက်လွန်း၍တုန်နေသောဘုတ်စုံ
ခေါင်းလေးကိုသာတစ်ဆက်ဆက်ငြိမ့်ပြကာ
ငိုနေမိသည်။''ဟုတ်..ဟုတ်...အချစ်လေးကိုပြန်မထည့်နိုင်ဘူးပြောပါတယ်..."
''ဘာ..ဒင်းကများ အဓိကမင်းအခုထိ
ငါ့သမီးကိုစိတ်ဒုက္ခပေးချင်နေတာလား..."ပုံ ဒေါသများဖြင့်ရှိနေသောခင်ပွန်း
ဖြစ်သူအနားလျှောက်သွားကာ...''ဦးရှင်အမြင်မှန်ရပါတော့... ဦးကြောင့်
ပုံသမီးလေးအရူးတစ်ပိုင်းဖြစ်ခဲ့ရပြီမဟုတ်ဘူးလားတော်ပါတော့...".''ကိုယ့်ကြောင့်မဟုတ်ဘူး ဟိုကောင်အဓိကကြောင့် သမီးကိုမချစ်ဘဲယူပြီးပစ်ထားခဲ့တာ
ကိုယ်ကဒါကိုသူ့ကိုသဘောကျကြည်ဖြူပေးရမှာလားပုံ...".''မဟုတ်ဘူးဦးရယ် ဦးလုပ်ရက်တွေမှားနေတယ်ဆိူတာဦးမသိဘူးလား ပုံအမြဲပြောပင်မဲ့ဦးကိုယ်ပြောလို့ရလိူ့လား အဆိုးဆုံးကမြေးလေးမရှိတော့ဘူးလို့ပြောထဲက သမီးကအခုထိစိတ်ဒဏ်ရာရခဲ့တာ သားအမိတွေနီးနေရက်မြင်နေရက်နဲ့မသိတဲ့ဘဝမှာနေနေကြရတာ
ဘယ်လောက်ရင်နာဖို့ကောင်းလဲဦးသိလား...
အဲ့ဒီခံစားချက်ကိုဦးကောင်းကောင်းသိရက်နဲ့
သမီအပေါ်လုပ်ရက်တယ်...''မျက်ရည်များကျကာပြောလာသော
ဇနီးသည်ကြောင့် မှတ်တမ်းရင့်
အံ့အားတင်းတင်းကြိတ်ပစ်ကာ..''ရွှေပုံကမ္ဘာ မင်းတိတ်စမ်း...ငါသူ့အဖေ
စးကောင်းဖို့အတွက်လုပ်ခဲ့တာမင်းတွေးစမ်း
အဲ့ဒီကောင်အဓိက သမီးကိုယ်ဝန်လွယ်ကထဲကအနားမှာခဏနေပေးခဲ့ဖူးလား
မွေးတဲ့အထိပေါ်မလာဘဲ သမီးလေးသေမလိုဖြစ်တဲ့အထိဒုက္ခပေးခဲ့တဲ့ကောင်ကို
ငါကကြည်ဖြူပေးရမှာလား မရဘူးငါ့သမီးကငါ့အသက်ပဲ ငါသေမှငါ့သမီးကိုပြန်ယူလို့ရမယ်..."သမီးကိုချစ်သည့်လွဲမှားနေသည့်ဦးရဲ့
အယူအစများကြောင့်ပုံခေါင်းလေးရမ်းပြစ်လိုက်သည်။''ပုံကလဲ မိခင်ပါဦးရယ်...အဖြစ်မှန်တွေကိုလဲ
ဦးသိနေပြီပဲ သားအဓိကဖောက်ပြန်ခဲ့တာမှမဟုတ်တာသူလဲဟိူမှာအသက်နဲ့ရင်းပြီးကြိုးစားနေရတာ သမီးကိုချစ်လားမချစ်လားဆိုတာပုံတို့မြင်နိုင်ပါတယ်ဦးရယ်..."
YOU ARE READING
အနမ်းပင်လယ်🌊🌊🌊(ဒုတိယတွဲ)
Roman d'amourဆယ်နှစ်ကြာ အဓိက သားတစ်ယောက်နဲ့အတူ မြန်မာနိုင်ငံကိုပြန်လာပြီးနောက် ကွာရှင်းထားသည့်ဇနီးသည်ကိုနားကြီးစိတ်ကြောင့် ဘယ်လိုတွေပြန်လက်တုန့်ပြန်သွားမလဲ ဘယ်လိုလှည့်ကွက်တွေကြောင့် သူတို့နှစ်ဦးကြားအခုလိုတွေဖြစ်သွားတာလဲဆိုတာ သိကြတဲ့အခါ ဇနီးဖြစ်သူကို ဘယ်လိုပြန်က...