အနမ်းပင်လယ်🌊🌊🌊(ဒုတိယတွဲ)
အပိုင်း(20)သူ့အားအတင်းတွန်းကာရုန်းနေသောကြောင့်
အဓိကနမ်းနေရင်းသူမမျက်နှာလေးအားကြည့်ချိန်သူ့အားကြည့်၍အနောက်ကိုမျက်ရည်များဖြင့်ကြည့်နေသောကြောင့်အဓိကလှည့်မကြည့်ဘဲနဲ့သိလိုက်သည်။နီရဲသွားသောနှုတ်ခမ်းအိအိဖူးဖူးလေးအား
လက်ဖြင့်အသာသပ်ပေးလိုက်၍
စီးကျနေသောမျက်ရည်များအား
သုတ်ပေးရင်း..''ဘာလို့မျက်ရည်တွေကျနေတာလဲကလေးရာ..."
အဓိကပြောလဲပြော သူမမျက်ရည်များအား
ထပ်မံ၍သုတ်ပေးရင်း..''သား အနာလာခဲ့..."
ထိုအချိန်အခန်းဝက မျက်နှာငယ်လေး
ဖြင့်ရှိနေသောအံ့လေး မဝင့်မရဲလေးဖြင့်
အခန်းထဲဝင်လာ၍ ဖခင်ဖြစ်သူအနားရပ်လိုက်သည်။အချစ်သားရဲ့သနားစရာမျက်နှာလေးအား
ကြည့်၍မျက်ရည်များကအတားအစီးမဲ့ကြလာကာ...နှုတ်ခမ်းလေးများကတစ်ဆက်ဆက်တုန်နေ၍ အသံလေးကထွက်မလာတော့ပေ။''ကလေး ငိုချလိုက်ကွာ ဘာလို့တင်းထားတာလဲကွာ..."
''အဟင့်...ဟင့်..ဟင့်...အဟင့်..."
အသံလေးထွက်လာကာရှိုက်နေရင်း
သားလေးအားအချစ်မျက်ရည်များဖြင့်
ကြည့်နေမိသည်။''မေမေ..."
ခေါ်သံအဆုံး ငိုမဲ့မဲ့လေးဖြစ်သွားရှာသော
သားဖြစ်သူအားအချစ်ကြည့်၍
တစ်ဆက်ဆက်တုန်ယင်လာသော
နှူတ်ခမ်းလေးများမှအားယူကာ..''သား...သားလေး...သား....."
ထိုအချိန်အချစ်နားတ်ိုးကပ်လာသော
ကိုယ်လေးအားအချစ်ထွေးပိုက်ထားရင်း
ငိူချလိုက်တော့သည်။''ဟီး..အဟင့်...ဟင့်...မေမေသားလေး
မေမေသားလေး...ဟီး..."ပြောလဲပြောသဲထန်စွာငိုနေမိသည်။သေပြီလို့ထင်ခဲ့သောသားကအခုတော့အချစ်ထွေးပွေ့ခွင့်ရနေပါပြီ အခုလို ဆယ်နှစ်တာဝေခဲ့တာဟာ
အချစ်ရဲ့ညံ့ဖျင်းမှုကြောင့်ဖြစ်သည်။ဒါကိုအချစ်ကိုမမုန်းပဲနားလည်ပေးသော
သားနဲ့သူ့အပေါ်အချစ်အပြစ်ရှိသလို
ခံစားနေရတာအမှန်။
YOU ARE READING
အနမ်းပင်လယ်🌊🌊🌊(ဒုတိယတွဲ)
Romanceဆယ်နှစ်ကြာ အဓိက သားတစ်ယောက်နဲ့အတူ မြန်မာနိုင်ငံကိုပြန်လာပြီးနောက် ကွာရှင်းထားသည့်ဇနီးသည်ကိုနားကြီးစိတ်ကြောင့် ဘယ်လိုတွေပြန်လက်တုန့်ပြန်သွားမလဲ ဘယ်လိုလှည့်ကွက်တွေကြောင့် သူတို့နှစ်ဦးကြားအခုလိုတွေဖြစ်သွားတာလဲဆိုတာ သိကြတဲ့အခါ ဇနီးဖြစ်သူကို ဘယ်လိုပြန်က...