""ရှင်းရှင်း ဒါကကိုယ့်သားတွေလေ ကျိရုံနဲ့ကျိရှန်တဲ့""
""သားတို့ ဒါကအဖေလက်ထပ်မယ့်လူပဲ""
ကျိလူကြီးမင်းရဲ့မိတ်ဆတ်ပေးမှုကြောင့် ရှင်းရှင်းသူ့အရှေ့ကကောင်လေးနှစ်ယောက်ကိုကြည့်လိုက်သည်။ကောင်လေးတွေဆိုပေမယ့် သူတို့ခြင်းအသက်ကွာလှ အလွန်ဆုံးငါးနှစ်ပေါ့။ဒါပေမယ့် လူကောင်တွေက ဦးထက်တောင်ထွားကာထောင်ထောင်မောင်းမောင်းကြီးတွေဖြစ်ကာ တစ်ယောက်ကဦးနှင့်တူတာဖြစ်မည် မျက်ခုံးမျက်လုံးကောင်းကာခန့်ညားကာ ကျိရှန်ဆိုတဲ့ကျန်တစ်ယောက်ကလည်းအမေတူကာ မိန်းမချောချောသည်။ဦးဆိုတဲ့အခေါ်အဝေါ်ကလည်း ကျိလူကြီးမင်းကိုယ်တိုင် သူ့ကိုခေါ်စေခဲ့တာလေ။
""မင်းတို့အမေလိုမျိုးအထိ ဆက်ဆံစရာမလိုပေမယ့် အဖေ့မျက်နှာကိုထောက်ပြီး သေချာဆက်ဆံပေးဖို့မျှော်လင့်ပါတယ်""
""သေချာတာပေါ့"" ခေါင်းငြိမ့်ကာပြောလာတဲ့ အငယ်ဖြစ်သူကြောင့် ရှင်းရှင်းအပြုံးလှလှလေးပေးလိုက်တော့ တစ်ဖက်လူကလည်းပြန်ပြုံးပြလာသည်။ဒါပေမယ့် သူကျက်သီးထသွားသည်ကဘာ့ကြောင့်ပါလဲ။
ကျိလူကြီးမင်းက အကျယ်တဝင့်မင်္ဂလာဆောင်ချင်တာတောင် သူ့သဘောထားကြောင့်အကျဉ်းချုံးလေးသာ အသိမိတ်ဆွေတွေနဲ့မင်္ဂလာဆောင်ဖြစ်ကြသည်။ဒါတောင်လူပေါင်း၁၀၀လောက်လာကြသည်။မင်္ဂလာဆောင်ပြီးတဲ့အထိ ဘာပြသာနာမှမပေါ်ခဲ့၍ ရှင်းရှင်းစိတ်အေးရသည်။
ကုတင်ပေါ်ထိုင်နေရင်း ရှင်းရှင်းသူ့အင်္ကျီတွေကို အသာဆွဲနေမိသည်။ကျိလူကြီးမင်းသာ ဝင်လာခဲ့ရင် ဘယ်လိုဆက်ဆံသင့်ပါသလဲ။သူနဲ့လင်မယားအရာမြောက်ချင်ရင်ရော လက်ခံသင့်ရဲ့လား။သူဘက်ကမချစ်ပေမယ့် ကျိလူကြီးမင်းသာတောင်းဆိုလာရင် သူ့မှာငြင်းပိုင်ခွင့်ရောရှိခဲ့လား။သူ့အတွေးတွေက လွန်ခဲ့တဲ့နှစ်တွေက မိုးတစ်ညဆီ
ထိုအချိန်က ရှင်းရှင်းက အထက်တန်းကျောင်းသားလေး။သူ့ရဲ့ခန္ဓာကိုယ်အခြေအနေကြောင့် ယောကျာ်းလေးတွေနဲ့နီးနီးကပ်ကပ်မနေရဲခဲ့။သို့ပေမယ့် သူကျောင်းကအပြန်မှာ မိုးရေထဲလဲနေတဲ့လူတစ်ယောက်ကြောင့် တစ်နည်းအားဖြင့် သူ့ရဲ့လက်ရှိယောကျာ်းကြောင့် သူ့ရဲ့အပျိုစင်ဘဝလေးပျက်စီးသွားခဲ့၏။နောက်မှ ကျိလူကြီးမင်းရှင်းပြလို့သိရသည်က ကျိလူကြီးမင်းရဲ့အမျိုးသမီးဆုံးသည့်နေ့မှာ ကျိလူကြီးမင်းကအရက်မူးနေသည့်အပြင် ဆေးခတ်ပါခံလိုက်ရပြီး သူရောကျိရန်ရောကသားကောင်ဖြစ်ခဲ့ရခြင်း။သူက အဲ့သည်နေ့ညက ရှက်ကာထွက်ပြေးခဲ့ပြီး ကျောင်းပါထွက်ကာ ရှောင်ပြေးခဲ့သည်။မိဘမဲ့တစ်ယောက်မို့ ဘယ်သူမှဂရုမစိုက်ကြပေမယ့် ကျိလူကြီးမင်းကတော့သူ့ကိုလိုက်ရှာနေခဲ့ကာ နှစ်နှစ်အကြာမှာတော့ ပွဲတစ်ခုမှာပြန်တွေ့ခဲ့သည်။အဲ့သည်အချိန်မှာ သူကပွဲဦးထွက်ခါစ ရုပ်ရှင်သရုပ်ဆောင်ပေါက်စလေး။သူ့ကို အဲ့သည့်အချိန်ထဲက ကျိရန်ကလိုက်ခဲ့ပေမယ့် သူလက်မခံခဲ့တာ။အမှားတစ်ခုကြောင့် အတင်းတာဝန်ယူတာမျိုးမဖြစ်စေချင်ခဲ့ဘူးလေ။ဒါကို ကျိလူကြီးမင်းက သူ့ကိုမုန်းနေတယ်လို့ထင်ခဲ့တာ။
YOU ARE READING
Shin
Short Storyဖတ်ပြီးရင် voteပေးပါ 1 Chapterကို vote50မရရင် အပိုင်းအသစ် ဆက်မတင်ပါဘူး