2

8.1K 88 0
                                    

""ဟယ် သူလား ဖြူစင်တဲ့ပုံလေးထင်ထားတာကို""

သူ့ကိုကြည့်လိုက် ဖုန်းကိုကြည့်လိုက်နဲ့ ပြောနေတဲ့လူတွေကြောင့် ရှင်းရှင်းတစ်ယောက် ဟူဒီထဲကလက်ကို အသားထဲစိမ့်ဝင်အောင် လက်သီးဆုပ်လိုက်မိသည်။မသာတွေ ဘယ်သူမှန်း သူသိလို့ကတော့ ပါးရှစ်စိတ်ကွဲအောင်ရိုက်ပစ်လိုက်ဦးမယ်။

အခုလည်း သူ့ရဲ့ကိုယ်လုံးတီးနီးပါးပုံကို အမည်မသိအကောင့်တစ်ခုကနေ တင်လာသည်လေ။တော်သေးတာက ပုံကပုဝါနဲ့ဖုံးထားလို့ သူ့လျှို့ဝှက်ချက်မပါပေ။ဒါမျိုးက nude artမို့ artistနီးပါးလိုလို ရိုက်ကြတာဖြစ်တာကြောင့်မထူးဆန်းပေမယ့် သူ့လိုအေးအေးဆေးဆေးနေတဲ့လူက ဒီလိုပုံထွက်လာသည့်အပြင် တင်တဲ့အကောင့်ကလည်း officialမဟုတ်လို့ဖြစ်သည်။

ဒါပေမယ့် ဘယ်သူတွေလည်းဆိုတာကို ရှင်းရှင်းကတော့သိနေသည်။အဲ့နေ့က လူ‌နှစ်ယောက်ပဲနေမှာ။အချိန်ကာလအားဖြင့် တစ်ပတ်တာကြာခဲ့ပြီဖြစ်တာကြောင့် သူ့ရဲ့တခြားသောစိတ်တွေအနည်းငယ်အနည်ထိုင်သွားပြီဖြစ်ပေမယ့် သူ့ဒေါသတွေကတော့အရှိန်မသေသေးပေ။ဘာလို့အခုမှ ဒီပုံကိုတင်တာလဲ ဖြစ်ပြီးတဲ့နေ့ထဲကတင်လိုက်တော့ပိုမကောင်းဘူးလား။ အား....ဒေါသထွက်လိုက်တာ။တခြားဘယ်လောက်တောင်ဆိုးတဲ့ပုံတွေကို ရှိနေလဲ။sex tapeတောင်ရှိနေမလား

"""ရှင်းရှင်း""

ရုတ်တရက် အပြေးအလွှားခေါ်သံနဲ့အတူ ပုံမှန်လိုအေးဆေးသောမျက်နှာနဲ့မတူ ခြေလှမ်းကျယ်ကြီးများနဲ့ပြေးလာသော ကျိလူကြီးမင်းကို ရှင်းရှင်းမြင်လိုက်ရသည်။

""အဲ့တာ ကျိဉက္ကဠမလား""

""ကျိဥက္ကဠက ဘာလို့ဒီကိုလာတာလဲ ဧကနစောနကတင်တဲ့ဓာတ်ပုံနဲ့များဆိုင်နေမလား""

အနားက မိန်းကလေးအချို့ရဲ့စကားကိုကြားတော့ ကျိလူကြီးမင်းက သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။

""တခြားမှာ သွားပြောရအောင်""

တစ်ဖက်လူရဲ့စကားကို ရှင်းရှင်း ခေါင်းငြိမ့်လိုက်ရင်း ကျိလူကြီးမင်းနောက်လိုက်သွားတော့ နောက်မှာမိန်းကလေးတွေကအတင်းအဖျင်းပြောရင်း ကျန်ခဲ့သည်။ကြည့်ရတာ သတင်းခေါင်းကြီးပိုင်းထဲက သူ့နာမည်ကဆင်းမှာမဟုတ်ပေ။

ShinWhere stories live. Discover now