4

3.9K 88 1
                                    

""ကလေးလေး အဆင်ပြေရဲ့လား""

""ကိုယ့်အမှားပါကွာ ညကအရမ်းမသောက်လိုက်သင့်ဘူး""

ဦးက ခြေထောက်တွေပြန်မစိနိုင်တော့ပဲ အဖြူရည်တွေစီးကျနေတဲ့ပူစီလေးကို နားရွက်နီနီတွေနဲ့သုတ်ပေးရင်းပြောလာတယ်။အရက်မူးပြီး သူ့အမှားလို့ထင်နေတဲ့ဦးကို သူ့သားဖြစ်သူနဲ့လုပ်ခဲ့တာပါလို့ ဘယ်အတွေးနဲ့သူပြောနိုင်မှာလဲ။

""ဦးရေချိုးခန်းထဲပို့ပေးပါလား""

သူ့စကားကိုဦးကခေါင်းငြိမ့်ပြီး လိုက်ပို့ပေးတယ်။

""တစ်ယောက်ထဲဖြစ်ရဲ့လား ကလေး""

""ရပါတယ် ဦးရဲ့""

""တစ်ခုခုဆို ကိုယ့်ခေါ်လိုက်နော် ကိုယ်အပြင်မှာရှိတယ်"""

ဦးကိုအပြင်ထုတ်လိုက်ပြီးမှ သူစိတ်ကြိုက်ရေချိုးခန်းထဲသောင်းကျန်းရဲတော့သည်။စိတ်ပြေသွားတော့မှ ဒီလင်ပါသား‌နဲ့ဘယ်လိုတွေဆက်ဆံရမလဲ တွေးမိတော့သည်။တော်သေးသည်က လင်ပါသားအငယ်က လိမ္မာရေးခြားရှိမယ့်ပုံလေးမို့။

သူအပြင်ထွက်လာတော့ ဦးက အားတုံ့အားနာပြုံးပြသည်။

""ဟောင်ကောင်က ကုမ္ပဏီခွဲမှာပြသာနာဖြစ်လို့တဲ့ ကိုယ်လိုက်သွားရမှာမလို့""

ဦးကဆက်မပြောပေမယ့် အခုမှပူပူနွေးနွေး ဇနီးလေးကိုအားနာနေဟန်ရသည်။သူခေါင်းငြိမ့်ပြလိုက်တော့  ဦးကသူ့နှဖူးကိုနမ်းကာ အပြင်ဘက်ကိုအလောတကြီးထွက်သွားသည်။ချက်ချင်းခြောက်ကပ်သွားတဲ့ အိပ်ခန်းကြီးကိုကြည့်ပြီး ရှင်းရှင်းအထီးကျန်လာသလိုခံစားရသည်။ဆန်ပြုတ်တစ်ပန်းကို အပေါ်ထပ်ကိုပဲယူလာခိုင်းလိုက်ပြီး သူ့ရဲ့နာကျင်နေတဲ့ခန္ဓာကိုယ်ကို အနားပေးကာအိပ်လိုက်သည်။

ဒီလိုနဲ့ တစ်ပတ်တာကဘာအနှောင့်အယှက်မှမရှိဘဲ ကုန်ဆုံးသွား၏။ရှင်းရှင်း ညသန်းခေါင်ကြီး အိပ်ယာကနေ ရေဆာလို့နိုးလာတော့ အိပ်ယာဘေးမှာရေကအဆင်သင့်ရှိမနေ။ရေကရားကိုယူကာ အောက်ထပ်ကိုဆင်းလာတော့ တစ်အိမ်လုံးကမှောင်မဲနေသည်မို့ အနည်းငယ်တော့လန့်စရာကောင်းသည်။ရေအမြန်ဖြည့်ပြီး အိမ်ပေါ်ထပ်ကိုပြန်တတ်ဖို့ပြင်လိုက်ပေမယ့် ကော်ရစ်တာ ထောင့်စွန်းခန်းကနေထွက်ပေါ်နေသောမီးရောင်သဲ့သဲ့။

ShinWhere stories live. Discover now