Part 1

17 2 0
                                    

'ထိပ်ထား ထစမ်း တကတည်းအိပ်နေလိုက်တာ နေကဖင်နေထိုးယုံမကတော့ဘူး ဖင်ထဲတောင်ဝင်နေပြီဟဲ့ ထိပ်ထား ထစမ်း အော် ငါကဒီလောက်နှိုးနေတာတောင် အိပ်နေလိုက်တာ ကာလာနဂါးမရဲ့ ကယ်ဟယ် ကယ်ဟယ်'

'ဟာ မာမီရာ ထိပ်ထားဖင်ကိုဘာလို့ရိုက်တာလဲ နာတယ်မာမီ့ရ'

'အမေကိုပြန်ပြောနေသေးတယ် အခုရှစ်နာရီတောင်ကျော်နေပြီ ဒီရပ်ကွက်မှာ မိန်းကလေးတန်မဲ့ ဘယ်သူမှ နင့်လိုအိပ်တဲ့သူမရှိဘူး တစ်ခါတစ်လေ အမေကိုကူဖို့ ဒီအမေကြီးမပြောဘဲစာကျက်ဖို့ နင်မတွေးဘူးလား ထိပ်ထားညဉ်းဆယ့်နှစ်တန်းနော် ဆယ့်နှစ်တန်း'

'မာမီရာ နေ့တိုင်းဒါဘဲ မာမီတို့ခေတ်လို့ အသေကြိုးစားစရာမှမလိုတာ ဒီခေတ်စနစ်သစ်မှာ စာမေးပွဲဆိုတာဖြေတာနဲ့အောင်ပြီးသားဘဲ မာမီ့ကိုကူလဲ စိတ်တိုင်းမှမကျတာ ထမင်းချင်လဲ ပွတယ် မာတယ် ဟင်းချက်လဲ သမီးချက်တဲ့ဟင်းမစားဘဲ သွန်တယ် သမီးချက်လဲစားတာမှမဟုတ်တာ'

'နင်ချက်တာတွေမစားနိုင်လို့သွန်တာပေါ့ လူလိုမှမချက်တာ နင့်ကိုပြောရတာလဲမောတယ် မျက်နှာသစ်ပြီးထခဲ့'

ဒါတွေဟာနေ့တိုင်းနေတိုင်း ထိပ်ထားတို့အိမ်မှာဖြစ်နေကြပုံစံဖြစ်သည်။ထိပ်ထားအတွက်အိမ်မှာဆူခံရတယ်ဆိုတာ ထမင်းစားရေသောက်အတိုင်းပင်။

'ဟယ်ဟယ် ကြည့်စမ်း ကြည့်စမ်း မိထိပ်ထား ငါပြောရင်ပြောတယ်နင်ကပြောဦးမယ် မိန်းကလေးဖြစ်ပြီး သနပ်ခါးမလူးဘဲဆင်းလာပြန်ပြီ သွားအခုလူးစမ်း'

'မပြီးနိုင်တော့ဘူး မာမီကလဲ သနပ်ခါးကြီးမလူးချင်ပါဘူး ထိပ်ထား baby mind လူးထားတယ်'

'မိန်းကလေးဆိုတာ'

'မျက်နှာပြောင်ကြီးနဲ့မနေရဘူး ဒါဘဲပြောဥိီးမှာ ဟုတ်လား ထိပ်ထားလဲအလွှတ်ရနေပြီမာမီပြောလဲ မလူးချင်ဘူး'

'ပြောလိုက်ရင်ဘယ်စာမဆိုအကုန်ကစ်ကစ်လန်ချည် တကယ့်ရိုက်ပေါက်နော်မိထိပ်ထား'

'မာမီကလဲ မဆူပါနဲ့တော့ မသိရင်မိထွေးကျနေတာဘဲ ထမင်းစားတော့မယ် အိပ်ပျော်နေတာတောင် မာမီ့လက်ရာသတိရနေတာ'

ချစ်ရပါသော အစ်ကိုWhere stories live. Discover now