Part 3

21 3 0
                                    

ဒီနေ့ ချစ်ရသူလေးမျက်နှာကိုမြင်ရဖို့ ဆေးကျောင်းဆောင်ရှေ့တွင်ဟန်နီအလာကို အာကာလာစောင့်နေမိသည်။

ခဏအကြာ ခပ်လှမ်းလှမ်းက ပုံရိပ်ငယ်လေးတစ်ခုကိုအာကာကြည့်ရင်းပြုံးမိသည်။

ဟန်နီဆိုတာ ယဥ်သည်။ခန္ဒာကိုယ် သေးသေးကွေးကွေးလေးနဲ့ မြန်မာဆန်ဆန်ဝတ်စားတတ်သည်။ဆံပင်လှိုင်းတွန့်လေးဟာ ခါးလောက်ရှိပြီး ဝင်းဝါသည့်အသားရှိသည်။မျက်လုံးကာလာလေးဟာ မျက်ကပ်မှန်မတတ်ဘဲကို ခဲပြာရောင်လေးရှိသည်။ဟန်နီဟာ တက့်ကိုတစ်မူးထူးခြားအလှရှိသူပင်။

'ဟန်နီ'

'ဟယ် အစ်ကို မကွေးကိုရောက်နေတယ်'

'ဟန်နီ့ကိုလွမ်းလို့'

'အစ်ကိုကလဲ'

ဒါလေးပြောမိတာကို ရှက်ပြုံးလေးပြုံးရင်း ခေါင်းလေးငုံ့သွားရှာသည်။အာကာချစ်မိတာလဲ ဒီလိုအရှက်သည်းတဲ့အမူအရာလေးတွေပင်ဖြစ်သည်။

'ဟန်နီကျောင်းလာတာနောက်ကျတယ်နော်'

'အိမ်မှာဟင်းချက်နေတာနဲ့နောက်ကျသွားတာ'

သူမေးတာကို ခေါင်းလေးငြိမ့်ပြရင်း ပြောလာသည့်အဖြေစကားကြောင့်အာကာပြုံးမိသည်။ ဟန်နီဟာ အိမ်မှုကိစ္စလဲနိုင်သည့် မိန်းကလေးပင်။ပညာရေးဆိုလဲ ဆေးကျောင်းသူ ဟန်နီဟာတကယ်ကိုပြည့်စုံသည့်သူပင်။

'အာ့ဆိုသွားတော့လေနောက်ကျနေမယ် ဒီမှာဟန်နီပန်ဖို့'

လှမ်းပေးလိုက်သည့်နှင်းဆီပန်းကလေးကို မဝံ့မရဲလေးလှမ်းယူရင်း ချထားသည့်ဆံပင်လေးကိုသပ်ကာ ညာဘက်ကနားလေးမှာပန်လိုက်လေသည်။ဟန်နီ့မျက်နှာလေးကပိုပေါ်လာသလို ဟန်နီ့ရဲ့လည်တိုင်ကျော့ကျော့လေးတို့ကအလိုလိုပေါ်လာရသည်။

ဟန်နီဟာ အာကာအတွက် ဂုဏ်တင့်စွာချစ်ရသူဖြစ်သည်။ကျောခိုင်းသွားတဲ့ ဟန်နီ့ကို အာကာကြည့်ရင်း ဆရာထူးအိမ်သင်ရဲ့ သီချင်းကိုအလိုလိုသတိရသွားသည်။ဆရာထူးအိမ်သင်က>သူပန်ထားသည့် ပန်းနီနီ ကျွန်တော်ခဏဖြစ်ချင်သည် <တဲ့လေ။ သူလဲဒီပန်းလေးနေရာမှာ နေရာခဏဖြစ်ချင်ပါသည်။

ချစ်ရပါသော အစ်ကိုWhere stories live. Discover now