Part 4

17 3 1
                                    

'မင်းကျောင်းက အဆောက်အဦးဆောက်ရတာနဲ့ဆို တစ်လလောက်ကတော့သူများအဆောင်ထက်နောက်ကျမှာ သူများတွေက 4 လပိုင်းဆိုဖွင့်မှာလေ သိပ်တောင်မလိုတော့ဘူး မင်းက 5လပိုင်းလောက်မှအဖွင့်ညားတာပေါ့'

'အေးကွာ အဆောက်အဦးကလဲ ကြာမှာ မင်းကမကွေးမှာလူရေလည်တဲ့ကောင်ဆိုတော့ ငါ့ကိုကူဦး ရန်ကုန်မှာဆိုရင်တော့ငါ့ကျောင်းက Top 1 ဘဲ Marketing ပိုင်းတွေကျတော့မင်းလို့စီးပွားရေးသမားမဟုတ်တော့နားမလည်ဘူး ငါကပညာရေးပိုင်းလေ'

ကောင်းသန့်နှင့်အာကာပိတ်ရက်လေးမှာ စားသောက်ဆိုင်တစ်ခုမှာထိုင်ပြီး အာကာရဲ့ကျောင်းကိုplan ဆွဲနေတာဖြစ်သည်။နေရာရော အဆောက်အဦးရောအပ်ထားပြီးပြီဖြစ်သည်။အဓိကကကျောင်းသားကိစ္စ လာအပ်သူရှိပါ့မလားစိတ်ပူနေရတာဖြစ်သည်။အာကာကလဲ ရန်ကုန်ကိုရောက်ဖူးတာမဟုတ်တော​့ ဘားမှမသိ။ကောင်းသန့်ကတော့ မကွေးမှာဂျင်ဖြစ်တဲ့အတွက် လူရေလည်တဲ့ ကောင်းသန့်ကိုဘဲနားပူရတော့သည်။

'ဒီလိုလုပ် မင်းတို့ကျောင်းPage ရှိတယ်မလား'

'ရှိတယ် အဲ့တာကလဲ ငါ Run တာမဟုတ်ပါဘူး အဖေ့ရဲ့လက်ထောက်ကိုင်တဲ့ Page'

'ဘယ်သူကိုင်ကိုင်ကွာ အဲ့Page ကနေ မကွေးမှာကျောင်းဖွင့်မယ့်အကြောင်းကိုတင်လိုက်ကွာ ဖွင့်မယ့်လိပ်စာပါထည့်တင် ပြီးတော့ အဲ့ post ကို share ပေးတဲ့သူကို gift way ပေးမယ်လို့တင် နောက်ပြီးမကွေးမှာကျောင်းလာအပ်တဲ့သူကို 20% လျှော့ပေးမယ်လို့ပြောပေါ့ မင်းကျောင်းကအစကတည်းက top 1 လေ ေနရာဘယ်လောက်ပြောင်းပြောင်း အောင်မြင်မှုကနောက်ကလိုက်တယ်မပူနဲ့'

ကောင်းသန့်ပြောလိုက်တော့လဲအလွယ်လေးပင်။ကောင်းသန့်ပြောတာလက်တွေ့လဲကျသည်လေ။သူတို့ page ကို like လုပ်ထားတာရန်ကုန်ကချည်းတော့မဖြစ်နိုင်ဘူးလေ။သူတို့page ကိုမျက်စိတျတဲ့သူတိုင်းကတော့ like လုပ်ထားကျမှာပင်။

'ဆရာကိစ္စရောဘယ်လိုလုပ်သင့်လဲ'

'အဲ့တာက သတင်းစာထဲထည့်လိုက်လေ ဒါကငါထည့်ပေးမယ် မင်းကဒီနေရာနဲ့နေသားမကျသေးတော့သိမှာမဟုတ်ဘူး'

'ကျေးဇူးတင်တယ် ဒီတစ်ခါတော့မင်းကတော်တော်အသုံးဝင်တယ်'

အဆောင်နေ၊အဆောင်စားတွေအတွက်ပါ ကောင်းသန့်ကလဲစီစဥ်ပေးလို့ အခုမှဘဲ အာကာရင်ထဲအလုံးကြီးကျသွားက အအေးကိုဇိမ်ယူရင်းသောက်နိုင်တော့သည်။

ချစ်ရပါသော အစ်ကိုWhere stories live. Discover now