Part 2

15 3 0
                                    

'cheers'

'ငါ့သူငယ်ချင်းကြီးကို မကွေးကနေကြိုဆိုပါတယ်ကွာ'

ပြိုင်တူအော်လိုက်သည့် သက်ညီနှင့်ကောင်းသန့် အသံကြောင့် အာကာပြုံးရင်း

'အဟွန်း ငါမကွေးရောက်တာအကြောင်းပြပြီး မင်းတို့သောက်ချင်လို့ဟုတ်လား'

ဒီနေ့အာကာနိုင် မကွေးကိုရောက်သည့်နေ့မို့ ကောင်းသန့်တို့အိမ်မှာသောက်ဝိုင်းဆင်ကြသည်။ အာကာနိုင်ကဆရာတစ်ယောက်မို့ ဘီယာဆိုင်ဆိုဘယ်တော့မလိုက်ပေ။သူကိုယ်တိုင်လဲ ကိုလာနဲ့နှစ်ပါးသွားသူဖြစ်သည်။

'မင်းကျောင်းသားတွေကိုဘဲပွားစမ်းပါကွာ ငါတို့ကိုမသောက်နဲ့ဆိုပြီးမပွားစမ်းပါနဲ့ မင်းလို ကိုလာကြီးတော့မသောက်နိုင်ပါဘူး'

'ငါတို့က over 20 ဖြစ်နေပြီလေ ဆိုးခဲ့တဲ့အချိန်တုန်းက မင်းတို့နဲ့တူတူဆိုးခဲ့တာဘဲကို ကျောင်းသားတွေစာပြရတာဆိုတော့ ရိုသေအောင်နေရတော့တာပေါ့ကွာ ဆရာတစ်ယောက်ဖြစ်ပြီး သောက်နေလို့မသင့်တော်တော့ဘူးလေ'

အာကာပြောတာလဲဟုတ်ပါသည်။အရင်က အာကာ၊ကောင်းသန့်၊သက်ညီဆိုတာ ရန်ကုန်မှာတူတူကောလိပ်တက်ခဲ့ပြီး အတူတူဆိုးခဲ့ မိုက်ခဲ့သည့်သူပင်။ရန်ပွဲတိုင်းအလိုလိုပါကာ ဆိုင်ကယ်ပြိုင်မောင်း ကားပြိုင်မောင်းနဲ့ ရန်ကုန်မြို့ရဲ့တကယ့်bad boys တွေပင်။ရည်းစားအရှုပ်အရှင်းတော့ကင်းကင်းရှင်းရှင်းနေကြသူဖြစ်ပြီး အချေတစ်လိုင်းတွေကြောင့် မိန်းကလေးတွေရဲ့ အသည်းကျော်တွေပင်ဖြစ်ကြသည်။

'မင်းကိုပြောရဦးမယ် ငါ့ညီမထိပ်ထားကိုစာပြပေးစမ်းပါကွာ အဲ့ကောင်မလေးကအဆောင်မနေချင်ဘူးချည်းဖြစ်နေတာ ဆယ့်နှစ်တန်းဆိုတော့ကွာ ငါတို့က အဆောင်မှာဘဲနေစေချင်တာ'

'ဟာ.ဒီကောင်ကတော့ မင်းညီမပေါက်ကျော်မနှင့် ဒီကောင်နဲ့ဘယ်လိုဖြစ်မလဲ အာကာယောင်လို့တောင်သူ့ညီမကိုစာမပြနဲ့ တကယ့်ပေါက်ကျော်မပါကွာ'

သက်ညီစကားကြောင့် ကိုလာသောက်ရင်း အာကာ့မျက်ခုံးတွေအလိုလိုတွန့်ကျိုးသွားရသည်။သက်ညီကလဲ လိမ်တတ်သည့်သူမဟုတ်။ဒီကလေးမဘယ်လောက်တောင်ဆိုးပါလိမ့်။

ချစ်ရပါသော အစ်ကိုWhere stories live. Discover now