"P'mark...ကျနော့ကားက ရဲစခန်းမှာ ထားထားရတာမလို့ phiကားတချက်ငှားမယ်နော်"
ကားကော့ယူကာ အပြင်သွားဖို့လုပ်နေတဲ့ fot.."Aow..ဘယ်ကိုသွားမှာလဲ fot...ပွဲက ဒီချိန်မှမဟုတ်တာ လိုသေးတယ်လေ၊ အချိန်ပြောင်းလိုက်လို့လား?နေဦးလေ fot..P'mom ကို မစောင့်တော့ဘူးလား?....O..မေးတာလဲပြန်မဖြေဘူး...သူလုပ်ချင်ရာ လုပ်သွားပြန်ပြီး fot..."
ဘယ်သွားမယ်မပြောပဲ သွားလိုက်ပြန်ပြီး၊ p'momလာရင် သူဘလိုပြောရမှာလဲ ???
--------------------------------------------------------------
"အခုငါတို့...သိပြီးသလောက်ဆိုရင် Khun fourth က ဒီhotelကနေ ကားမောင်းထွက်ခဲ့တယ်၊lingကိုမတိုက်မိခင်ထိ""ဟုတ်တယ်...သူ့ manager ရဲ့ interview မှာကျတော့ fashion show ပြီးတဲ့နောက်မှာ fourth Natawat နေမကောင်းလို့ သူ့ရဲ့ driverကိုပြန်ပို့ခိုင်းလိုက်တာလို့ပြောတယ်၊ ဒါပေမယ့် နောက်တစ်ခုက nomဆိုတဲ့မင်းသမီးေပြာတော့ အဲ့ညက Natawat ကိုယ်တိုင်ကားကိုမောင်းသွားတာ သူတွေ့လိုက်တယ်တဲ့၊ ပြီးတော့ ငါ lingနဲ့ဖုန်းပြောနေတဲ့အချိန်မှာ ကားတိုက်မှုစဖြစ်တယ် အဲ့အချိန်မှာ lingရဲ့ဖုန်းထဲကနေ အဲ့ဒီမင်းသားရဲ့အသံကို ငါသေချာကြားလိုက်တယ်"
"နေဦး. Gem၊ မင်းသူပါဆိုတာ သေချာရဲ့လား? Khun fourth နဲ့ အဲ့ဒီမတိုင်ခင်က မင်းတို့ တယောက်နဲ့တယောက် သိကြတာလဲမဟုတ်ပဲ ဖုန်းထဲကကြားတဲ့အသံနဲ့ သူပါလို့ မင်းပြောလို့မရဘူးGem၊ ဒါငါ လက်တွေ့ကိုပြောပြနေတာ "
"ငါသေချာတယ် မနေ့ညက သူ့ရဲ့ interview တွေကို ငါလိုက်နားထောင်ထားတယ် ၊ သူ့ရဲ့အသံကိုငါသေချာနားထောင်ထားတယ်၊ သူဆိုတာ သေချာတယ်၊ အဲ့တာကြောင့် ဒီ hotel ရဲ့ လုံခြုံရေးကင်မရာကနေ fourth Natawat ကားမောင်းထွက်သွားတဲ့ video ကိုတွေ့ရင် သဘောက ငါတွေးတာ မှန်တာပဲ၊ nomကအမှန်ပြောတာ ပြီးတော့ fourth Natawat နဲ့ သူရဲ့ manager ကလိမ်တာ"
"ဒါပေမယ့် ပြသနာက အဲ့ဒီနေ့က လုံခြုံရေး ကင်မရာတွေအားလုံးပျက်နေတယ်လို့ ဒီ hotel Manager ကပြောတယ် Gem"
အားလုံးပျက်နေတယ်ဆိုတာ Gem လက်မခံနိုင်ပါ၊
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ ဒီမှာနေရာတွေလဲအများကြီးရှိနေတာပဲ ကင်မရာတွေလဲ အများကြီးရှိတယ် ဒီကားကိုဘယ်သူမောင်းသွားလဲဆိုတာ ၊ ဖမ်းမိနိုင်တဲ့ ကင်မရာတခုတောင်မရှိဘူးလား???"

YOU ARE READING
Invests With Heart (Completed)
Fanfictionကျနော်တို့ နောက်ဘယ်တော့မှ ထပ်မတွေ့ကြရအောင်ပါ Khun Gemini Fourth Nat ...ကိုယ်တို့တယောက်ကိုတယောက် သိသိရက်နဲ့ရော မသိပဲနဲ့ပါ ထိခိုက်နာကျင်စေခဲ့တာ တွေ၊ ဆုံးရှုံးနစ်နာစေခဲ့တာတွေအရမ်းများခဲ့မှန်းကိုယ်သိပါတယ်၊ ဒါပေမယ့်..... ...