ဘာလိုလိုနဲ့ သောကြာနေ့တောင် ရောက်လာပြီဖြစ်သည်။
ရဲသွေးသစ် စာသင်ရတာ ၅ရက်ရှိပြီဆိုပါတော့။ရဲသွေးသစ် ကျောင်းဆင်းပြီး အိမ်ပြန်လာတော့ အိမ်ပြန်လာတော့ သူ့အိမ်ရှေ့မှာ လူတစ်ဦးရပ်နေသည်။
ရဲသွေးသစ် အနားကပ်သွားလိုက်သည်။“ ဘာရှာနေတာလဲ မသိဘူးဗျာ။ ”
“ အော် ၊ ဆရာအသစ်လားဗျာ။
ကျွန်တော့်နာမည်က နိုင်ဇော်ပါဗျာ။
ဆရာ့အိမ်ရဲ့ ဟိုဘက် အကျော်နားက အဆောင်မှာ နေတာဗျာ ၊ ဒီရွာရဲ့ လုံခြုံရေးတပ်သားတွေ နေကြတဲ့ အဆောင်လေဗျာ။ ”ရဲသွေးသစ် သူ့ရှေ့က ပြုံးဖီးဖီးနဲ့ နိုင်ဇော်ဆိုတဲ့ လူကို တစ်ချက်အကဲခတ်လိုက်သည်။
စိမ်းညိုရောင် ဘောင်းဘီနဲ့ အပေါ် တီရှယ်ကို ၀တ်ထားကာ ရဲသွေးသစ်ကို ဖော်ရွေစွာ စကားပြောနေသည်လေ။“ အော် ၊ ကျွန်တော့်နာမည်က ရဲသွေးသစ်ပါဗျ။ ဒီရွာကို ကျောင်းဆရာအသစ်အနေနဲ့ ရောက်လာတာ ဟုတ်ပါတယ်ဗျာ။ ”
“ ဟုတ်ကဲ့ပါဗျာ ၊ ဒီတိုင်း ကျောင်းဆရာအသစ်ရောက်လာလို့ လာနှုတ်ဆက်တာပါဗျာ ၊ မနက်ဖြန်ည အားရင် ကျွန်တော်တို့ အဆောင်ဘက်ကို လာလည်ဖို့ ပြောမလို့ပါ ၊ ဘော်ဒါတွေအချင်းချင်း သောက်စားမလို့ ၊သူတို့ကလည်း ဆရာနဲ့ ခင်ချင်လို့ဆိုတော့ အချင်းချင်း မိတ်ဆက်ပေးမလို့ ဆရာလည်း လာခဲ့လေ။ ”
“ အော် ၊ ဟုတ် ၊ ကျွန်တော်လာခဲ့ပါ့မယ်။ ”
“ ဒါဆို မနက်ဖြန် စုံကြတာပေါ့ဗျ။ အခုတော့ ကျွန်တော် သွားလိုက်ပါဦးမယ်။ ”
“ ဟုတ်ကဲ့ပါဗျာ။ ”
ရဲသွေးသစ်လည်း ထွက်သွားတဲ့ နိုင်ဇော် ကို ကြည့်ပြီး သူ့အိမ်ထဲ ထွက်သွားလေသည်။
~~~~
ရဲသွေးသစ် ကလေးတွေရဲ့ စာအုပ်တွေ အမှတ်ခြစ်ပေးနေသည်။
ည ၁၁နာရီလည်း ကျော်ပြီဆိုတော့ လုပ်လက်စ အလုပ်တွေ အပြီးသတ်ပြီး အိပ်ယာ၀င်ဖို့ ပြင်နေသည်။ရုတ်တရက် ဗိုက်တွေနာလာတော့ ရဲသွေးသစ် စိတ်ညစ်လာသည်။
အိမ်သာသွားချင်လို့ ထင်ပါရဲ့။