Chapter-6🔞🚨

8.4K 86 4
                                    

"Cigarette" Bossခိုင်းရာဖြစ်သည့် မှောင်ခိုကူးခြင်းလုပ်ငန်းကား ပြီးဆုံးသွားပြီမို့ အိမ်အပြန်၌ လမ်း၌ မထင်မှတ်ဘဲ တွေ့လိုက်ရသည့်အရာ....

နွဲ့....ဟုတ်သည်။ဒါနွဲ့မှနွဲ့အစစ်...လူအများကြားထဲမှ ကျောပြင်ငယ်လေးသာ မြင်လိုက်ရသော်လည်း သူမ၏ နှလုံးသားထဲ၌ နွဲ့ဆိုတာ သေချာနေသည်။
ထို့ကြောင့် လိုက်ရှာကြည့်ပေမယ့် နွဲ့ကို ဘယ်နေရာမှ ရှာမတွေ့တော့ နဂိုကမှ မမြူးတူးသည့် cigarette မှာ လက်မှိုင်ချကာ အိမ်ပြန်လမ်းခရီးနင်ခဲ့သည်..။

တစ်ကယ်တော့နွဲ့ဆိုတာ....

လွန်ခဲ့သော ငါးနှစ်ခန့်က...

"နွဲ့..ဟိုအတာဆိုတဲ့ ကောင်မလေး နင့်နောက်လိုက်တာ ကြာနေပြီနော်။"

သူငယ်ချင်းဖြစ်သူ စကားကြောင့် နွဲ့နှောင်တစ်ယောက် သူမတို့နှင့် ခပ်လှမ်းလှမ်းအကွာမှ လိုက်လာနေသည့် ယောကလျာလေးကို တစ်ချက်ကြည့်လိုက်မိတော့ ထိုမိန်းကလေးက ပြုံးပြလာသည်။

နွဲ့ချက်ချင်းပင် မျက်နှာ ရှေ့သို့  ပြန်လှည့်လိုက်မိသည်။ဒီပေါင်မလေးဟာ သူမကို အနှောင့်အယှက်ပေးနေသည်တော့ မဟုတ်ပါ။

တစ်ယောက်က သူ့ကို လိုက်နှောင့်ယှက်သည့် ကလေကချေဆေိုရင် ဒီကောင်မလေးပူညီပေးခဲ့လို့သာ နင့်မို့ဆို သူမဘဝ မတွေးရဲစရာပင်။

သည့်အတွက် ကျေးဇူးတော့ တင်မိပေသည့် ဒီလို ရှဲရိုးလိုက်နေတာတော့ အဆင်မပြေ..ထို့ကြောင့် နောက်နေ့အထိ ဆက်လိုက်နေသေးရင်တော့ ဒဲ့ ပြောရန် ပြင်လိုက်၏။

"ဟေ့...ကလေးမ...မင်း....တို့နောက် ဆက်မလိုက်ပါနဲ့တော့...။"

နွဲ့က ထိုသို့ဆိုတော့ ထိုကလေးမက ပြန်မပြောဘဲ ဟိုကြည့်သည်ကြည့်သာ လုပ်နေလေ၍ နွဲ့ ဒေါသထွက်လာရ၏။သို့ဖြစ်၍..

"ဒီမှာ ကလေးမ..မင်း...တို့ပြောတာ မကြားဘူးလား...။"

"ကျွန်...ကျွန်တော့်ကို ပြောတာလား..မသိဘူးလေ..ဒီက ကလေးမဆိုတော့ ကျွန်တော့်ခေါ်တယ်လို့ ဘယ်ထင်လိုက်ပါ့မလဲ။ပြီးေတာ့ကာ...ကျွန်တော့်နာမည်က ကလေးမမှ မဟုတ်တာ။"

"အို..ခက်လိုက်တာ..မင်းက ကလေးမဟုတ်တော့ လူကြီးလား....ကလေး,မလို့ ကလေးမ,လို့ခေါ်တာပေါ့။"

မောင့်ရင်ခွင်၌ နားခိုခိုက်ဝယ်...🔞Where stories live. Discover now