03. 我想你,对不起。

278 28 14
                                    

" ကိုယ်မင်းကို ထာဝရ ချစ်နေမှာပါ "
•••

စုန့်လောင်ရှီး
" ဝမ်လောင်ရှီး ကျောင်းလည်းမလာဘူး။ ဘာဖြစ်လို့လဲ "

ဖူလောင်ရှီး
" ဟုတ်ပါ့ စုန့်လောင်ရှီး ရေ။ ကျွန်မအထင် သုံးရက်လောက်ရှိပြီထင်တယ်နော် "

ကောလောင်ရှီး
" ပိုင်လောင်ရှီး နဲ့ ဝမ်လောင်ရှီး ကတစ်လမ်းတည်းနေတာမို့လား။ နေမကောင်းများဖြစ်နေလား သတင်းသွားမေးကြပါဦးဗျာ "

ပိုင်လောင်ရှီး
" ကျွန်တော်လည်း အတန်းတွင်းပရောဂျက်တစ်ခုကြောင့်မအားဖြစ်နေလို့ဗျာ။ ပရောဂျက်ပြီးတဲ့အထိ ဝမ်လောင်ရှီး ပေါ်မလာရင် ကျောင်းသားတွေနဲ့သူ့အိမ်လိုက်သွားဖို့တိုင်ပင်ထားပြီးသားပါ။ "

WeChat မှတစ်ဆင့်ဝင်လာသော ရသစာပေဌာနဆရာများ ဂရုမှ စာစောင်များအားဖတ်ရင်း ရိပေါ် ပြုံးလိုက်မိသည်။ ရိပေါ် ကအနေအေးသော်ငြား လူတိုင်း၏ဂရုစိုက်ခံ၊ အချစ်ခံရသည့် စန်းတစ်ခုကိုပိုင်ဆိုင်ထားသည်။ ရသစာပေဌာန ရှိ ရိပေါ် ဝင်ရသောအတန်းတော်တော်များများမှကျောင်းသားများကလည်း ဝမ်လောင်ရှီး ဆိုတာနှင့်ရိုသေချစ်ခင်ကြပြီးသား။

" ကျွန်တော်ကျန်းမာရေးကောင်းပါတယ်၊ မိသားစုပြဿနာလေးတွေရှိနေလို့ပါ လောင်ရှီးတို့။ ကျွန်တော် ကျောင်းမှာလည်းခွင့်ယူထားပါတယ်ဗျ။ ဒီရက်ပိုင်း လောင်ရှီးတို့အားလုံး ကျွန်တော့်အတန်းချိန်လေးတွေမှာ အပင်ပန်းခံပေးကြပါဦး။ စိတ်ပူပေးကြတာကျေးဇူးတင်ပါတယ်ဗျာ "

စိတ်ပူနေကြသည့် လုပ်ဖော်ကိုင်ဖက်ဆရာ၊ဆရာမများစိတ်မပူစေရန် ရိပေါ် စာအမြန်ရိုက်ကာပို့လိုက်သောအခါ ဌာနရှိဆရာ၊ဆရာမများက အတန်းတွေအတွက်စိတ်မပူဘဲ မိမိကိုယ်ကိုသာအဆင်ပြေဖို့မှာကြားသည်။ အကျိုးဆက်အနေနှင့် ရိပေါ် ရင်ထဲတွင်အနွေးလှိုင်းများဖြတ်ပြေးရပါ၏။ အားလုံးကိုကျေးဇူးတင်ပြီးနောက် ဖုန်းအားဘေးချကာ ကုတင်စောင်းတွင် ရိပေါ် မှီထိုင်နေမိသည်။ အချစ်ရေးတွင်ယိုင်နဲ့နဲ့ ဖြစ်နေသောသူ့ဘဝတွင် ဘုရားကကောင်းချီးပေးထားသော မိတ်ဆွေ၊ သူငယ်ချင်းများရှိသေးသည် ဟူသောအသိကဘာနှင့်မှလဲမရ။ " မျက်နှာမြင် ချစ်ခင်ပါစေ " ဟူသည့်ကောင်းချီးရထားတာလည်း ဘဝ၏ဆုလာဘ်ပဲဖြစ်သည်။ အတွေးနှင့်အတူ ခေါင်းကိုမွေ့ယာပေါ်တွင်မှီထားရင်း ရိပေါ် သဘောတကျပြုံးမိသည်။

S͏o͏r͏r͏y͏ l͏e͏f͏t͏ u͏n͏s͏a͏i͏d͏ : 那句没说出口的对不起 Where stories live. Discover now