" ကိုယ့်ကိုတကယ်ရောချစ်ခဲ့ရဲ့လား ဝမ်ရိပေါ်ကလေးရယ် "
" ကျွန်တော်က... ကိုယ့်ကိုယ်ကိုယ်ပိုချစ်သွားမိရုံပါ "
•••" ညှောင်~~ "
" ကျင်းကော်၊ ဗိုက်ဆာနေပြီလား "
ညစာချက်နေတုန်း ခြေထောက်များအား ပွတ်သီးပွတ်သပ် လာလုပ်နေတာကြောင့် ရှောင်းကျန့် ပြုံးလျှက်အမေးစကားဆိုမိသည်။ ဝဝဖြိုးဖြိုးနှင့် သူ(မ့)ကိုယ်လုံးဖြင့် ရှောင်းကျန့် ခြေသလုံးများကိုပွတ်သပ်နေသည်မို့၊ အနည်းငယ်ပင်ယားကျိကျိဖြစ်ရ၏။ ကျင်းကော်၊ လွန်ခဲ့သော ကိုးလကျော်ခန့်က ချုံ့ချင်းသို့ခဏပြန်တုန်း အဒေါ်ဝမ်းကွဲတစ်ယောက်မှလက်ဆောင်ပေးလိုက်သည့် ကြောင်မလေး။
ဆယ့်ခုနစ်နှစ်လုံးလုံး၊ ဝမ်ရိပေါ် နှင့်တပူးတွဲတွဲနေခဲ့သည့်အတွက် ချုံ့ချင်းခရီးစဉ် တွင် ဧည့်မျှော်နေသူအများအပြား။ ဆွေမျိုးရင်းချာဖြစ်သော ရှောင်းကျန့် ထက်၊ ရိပေါ် ကိုမျှော်နေကြသူတွေချည်းပင်။ ရိပေါ် ဟာအနေအေးသော်ငြား၊ ပေါင်းသင်းဆက်ဆံရေးကောင်းကာ လူဝင်ဆံ့သည့်ကောင်လေးတစ်ဦးဖြစ်သည့်အလျောက် ချုံ့ချင်းရှိ ရှောင်းကျန့် ဆွေမျိုးများကအလွန်ပင်ချစ်ခင်ကြ၏။
သို့ရာတွင်... ဤအကြိမ်၌ သူတို့မျှော်နေသူပါမသွားခဲ့။ ဝမ်ရိပေါ် ဘာလို့ပါမလာတာလဲ၊ ဝမ်ရိပေါ် ဘယ်မှာလဲ၊ ဝမ်ရိပေါ် ဘာလို့နေခဲ့တာလဲ ဟူသည့်မေးခွန်းများက ရှောင်းကျန့် ကိုလွန်စွာမှအကြပ်ရိုက်စေခဲ့ပါ၏။ ယခုအချိန်အထိမချွတ်သေးဘဲမြဲမြံစွာဝတ်ဆင်ထားသည့် လက်သန်းကြွယ်မှရွှေလက်စွပ်ကလေး ဟာ၊ သူတို့ဆက်ဆံရေးမပြတ်စဲသေးဘူး ဟုအများကိုလှည့်စားထားနိုင်သေးသည်။ ထို့ကြောင့် ဝမ်ရိပေါ် တစ်ယောက်၊ လေညှင်းနှင့်အတူ တိုးလျှိုးပျောက်ကွယ်သွားသည် ဟုသာဖြေလိုက်လျှင်အကုန်လုံးက ဟားတိုက်ရယ်ကြလိမ့်မည်။
ကျင်းကော့် အစာခွက်ထဲသို့ အစာခြောက်ထည့်ပေးရင်း သူ(မ)အားပွတ်သပ်ပေးကာ ရှောင်းကျန့် အတွေးနယ်ကျွံနေမိသည်။ ရှောင်းကျန့် တစ်နေ့တာတွင် သူ(မ)ရှိနေ၍သာ ခံသာသည်ပြောရမည်။ နို့မို့ဆိုလျှင် ရှောင်းကျန့် အထီးကျန်ရလွန်းသဖြင့် စိတ်ပိုင်းဆိုင်ရာထိခိုက်သွားနိုင်၏။
YOU ARE READING
S͏o͏r͏r͏y͏ l͏e͏f͏t͏ u͏n͏s͏a͏i͏d͏ : 那句没说出口的对不起
FanficYou were the best ,but you were the worst. This story is just imaginary and not related to real life. All characters, places, regulation rules & scenes were created on my own.