Huang's Memo

221 18 10
                                    

Finally Finally! Sorry Left Unsaid လေးကအဆုံးသတ်သွားပါပြီ။ အစက Thank You Note လေးပဲရေးဖို့တွေးထားပေမဲ့ SLU လေးစဖြစ်ပေါ်လာပုံကို ပြောပြချင်တာမို့ အားလုံးပေါင်းပြီး Memo လို့တင်လိုက်ပါတယ်။

- SLU ကိုရေးဖို့အကြံရခဲ့တာ လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကပါ။ အဲ့ဒီတုန်းကတော့ဒီအတိုင်း ကွာရှင်းတော့မဲ့လူနှစ်ဦး ဆိုတာမျိုးပဲအတွေးဝင်ခဲ့တာပေါ့။ ဒါပေမဲ့ အလုပ်တွေရှုပ်နေခဲ့တာရယ်၊ အချို့သောကိစ္စရပ်တွေရယ်ကြောင့်မရေးဖြစ်ခဲ့သလို ဇာတ်ကိုဆက်လည်းမတွေးဖြစ်ခဲ့ပါဘူး။

- SLU လေးဘယ်လိုပြန်ပြီးဖြစ်ပေါ်လာလဲဆိုတော့ အဖိုးတစ်ယောက်ရဲ့စကားတစ်ခွန်းကြောင့်ပါ။ သူ့အမျိုးသမီးနဲ့ပေါင်းဖက်လာတာ ဆယ်စုနှစ်လေးစုကျော်လောက်ရှိနေပြီဖြစ်တဲ့အဖိုး နဲ့ စကားလက်ဆုံကျရင်း၊ အဖိုးရဲ့ " အိမ်ထောင်သည်တွေကပေါင်းလာတာနှစ်အရမ်းကြာရင် မောင်နှမတွေလိုပဲဖြစ်သွားတော့တာ။ သံယောဇဉ်ပဲရှိတော့တာပါ အချစ်မရှိတော့ဘူး " ဆိုတဲ့စကားက SLU ကိုပြန်စတင်နိုင်ဖို့အရာအားလုံးရဲ့မြစ်ဖျားခံရာဖြစ်ခဲ့ပါတယ်။

- ကိုယ်က story တွေရေးမယ်ဆို title ကိုအရမ်းကိုမှဂျေးများတဲ့လူပါ။ အဲ့ရက်ပိုင်းမှာနားထောင်ဖြစ်ခဲ့တဲ့သီချင်းတွေက Gracie Abrams ရဲ့ " I miss you, I'm sorry " နဲ့ " I love you, I'm sorry " ဆိုတော့ Sorry နဲ့ပတ်သက်တဲ့တစ်ခုခုကိုနာမည်တွင်စေချင်ခဲ့တာပေါ့။ နောက်ဆုံးတော့လည်း " မပြောဖြစ်ခဲ့တဲ့တောင်းပန်စကား " ဆိုတဲ့အဓိပ္ပါယ်လေးနဲ့ပဲ "Sorry Left Unsaid" ဆိုပြီးပဲ နာမည်ပေးဖြစ်ခဲ့ပါတော့တယ်။ တကယ်လည်း နှစ်ယောက်စလုံးက တစ်ယောက်ကိုယ်တစ်ယောက် "တောင်းပန်ပါတယ်" လို့လုံးဝဖွင့်ဟမပြောဖြစ်ခဲ့ကြတာဆိုတော့... ခေါင်းစဉ်လေးနဲ့အစပ်အဟပ်တည့်မယ်ထင်ပါရဲ့။

- Storyline ကိုပြောရမယ်ဆိုရင် ရှေ့မှာအမြဲပြောခဲ့သလိုပဲ အေးစက်သွားတဲ့ချစ်ခြင်းမေတ္တာတွေ ကိုအသားပေးဖော်ကျူးချင်ခဲ့တာပါ။ Original plot အရဆိုရင် Sad Ending လို့ကိုတွေးထားပေမဲ့ ဘယ်တုန်းကမှ character တွေအပေါ်ချုပ်ခြယ်ခြင်းမပြုတတ်သူဖြစ်တာကြောင့် character တွေအလိုကျစီးမြောရေးသားခဲ့ပါတယ်။ အဲ့တာကြောင့်အမှန်အတိုင်းဝန်ခံရရင် ရေးရင်းမှာသိလာရတဲ့ ရိပေါ့် trait တွေ၊ ကျန့်ကော trait တွေအများကြီးပါပဲ။

S͏o͏r͏r͏y͏ l͏e͏f͏t͏ u͏n͏s͏a͏i͏d͏ : 那句没说出口的对不起 Where stories live. Discover now