ပတ်ဝန်းကျင်သည် လပြည့်ညဖြစ်သည့်အတွက် မစိုစွတ်နေသကဲ့သို့ ခြောက်သွေ့နေသည်လဲမဟုတ်။ နက်ပြာရောင်ကောင်းကင်နှင့်အတူ ထိမ်ထိမ်လင်းနေသော လရောင်၏အောက်တွင် ထိုးထောင်ထွက်လျက်ရှိသည့် သစ်ပင်ထိပ်ဖျားများကိုသာမြင်ရပြီး အောက်ခြေရှိမှောက်မိုက်နေသော တောအုပ်ကြီးထဲသို့ ခက်ကြီးကြီးကားတစ်စီးဝင်လာနေ၏။ ကားထဲမှ လူတစ်စု၏ ပျော်ပျော်ရွှင်ရွှင် စည်းချက်ညီညီ သံစဉ်များ ပြိုင်သူ ရွတ်ဆိုနေသည်ကိုလဲကြားရ၏။ ထိုအသံကား တိတ်ဆိတ်ငြိမ်သက်လွန်းသည့် တောကြီးထဲသို့ ပျံ့နှံလျက်ရှိ၏။
"နင်တို့ ငါ့မွေးနေ့ကို ကျင်းပမယ်ဆိုတဲ့နေရာကြီးကလဲ"
ဆင်စွယ်ရောင်ဇာစအပါးများအထပ်ထပ်ဖြင့်ချုပ်ထားသော ဂါဝန်အတိုလေးနှင့် ရှည်လျားသော ရွှေအိုရောင်ဆံနွယ်များကို အဖျားများလိမ်ကောက်ထား၍ လွှားချထားကာ လှပစွာပြင်ဆင်ထားသော မှိုင်းရွက်လှေငယ်တစ်ယောက် မေးခွန်းထုတ်လိုက်၏။
"ဘာဖြစ်လို့လဲမှိုင်းရဲ့ သဘောမကျဘူးလား" မိန်းကလေးသူငယ်ချင်းဖြစ်သူ ဖြေလိုက်၏။
ကားမှန်ပြတင်းပေါက်ဖက်သို့ တောင်တောင်မြောက်မြောက် မျှော်ကြည့်ရင်း တောသည် တဖြေးဖြေးနက်ရှိုင်းလာသည်ကို မှိုင်းသတိပြုမိ၏။
"သဘောကျပါတယ်။ ကြောက်လဲကြောက်လာတယ်။ ဘယ်လိုနေရာမျိုးလဲဆိုတာသိချင်နေပြီ"
ဘေးမှချစ်သူကောင်လေးကလက်ဖြင့်သိုင်းဖက်လျက် "မလောပါနဲ့ ။ရောက်ပါပြီ။" မှိုင်းပြုံးပြလိုက်၏။ ထိုအပြုံးသည် နောက်ဆုံးအပြုံးဖြစ်သည်ကား မသိနိုင်ခဲ့။
YOU ARE READING
ဒီနေ့ကကျွန်မမွေးနေ့
Horrorသူတို့တွေ တကယ်ရှိတာကိုယုံလား။ နောက်ပြီး ဘာကြောင့် မကျွတ်မလွတ်ဖြစ်နေရတယ်ထင်လဲ။