ဂီတလေ့ကျင့်ခန်းတွင် band အဖွဲ့တစ်ခု လေ့ကျင့်နေကြရင်း တစ်ယောက်က
"မင်းသေချာပြီလား"
"သေချာပြီ။ ငါတို့အဖွဲ့ ခရီးကုန် ကြိုးစားခဲ့ပြီးပြီိ။ အဲ့ဒါတောင် အခုထိ အရာမဝင်သေးဘူး။ဒီတောင်ကျော် ပြီးရင် အကုန်အဆင်ပြေသွားမှာပါ"
ကောင်လေးဖြစ်သူ၏နှုတ်မှထွက်လာသောစကားပင်ဖြစ်၏။ ကျန်အဖွဲ့သားများမှာ အတွေးများစွာဖြင့် တွေးတောနေကြလျှင်
"တောင်တောင်မြောက်မြောက် လျှောက်တွေးမနေကြနဲ့တော့။ လာမယ့်သူ့မွေးနေ့ပြီးရင် ငါတို့အနာဂတ်လမ်းပွင့်လာတော့မာပါ" ဟုဆက်ပြောလေ၏။မနာလို၍ချောက်ချချင်သော မိန်းကလေးသူငယ်ချင်းဖြစ်သူသည် အခန်းပေါက်ဝမှာရပ်နေသည်ဖြစ်ရာ ပြောသမျှအကုန်ကြား၍ ဝင်လာကာ
"နင်တို့ဘားမှစဉ်းစားမနေနဲ့ မှိုင်းမရှိတော့ရင် ငါလဲသူ့ရဲ့ ကျော်ကြားတဲ့နေရာကိုရောက်ပြီ။ နင်တို့လဲ ထွက်ပေါက်ရှာပြီး ဖြတ်လမ်းလိုက်လို့ရနေတာပဲ"
အမှန်သည်ကား ထိုမိန်းကလေးဖြစ်သူသည် မှိုင်း၏ကောင်လေးဖြစ်သူကိုရွှေလမ်းငွေလမ်းဖောက် ချင်နေသည်ဖြစ်ရာ မှိုင်းကိုဖယ်ရှားရန် လမ်းစပြုချင်နေသည်မှာကြာလေပြီ။ မနာလို၍ ချောက်တွန်းချင်နေသည်ဖြစ်လေသည်။ ထိုသို့ဖြင့် လူတစ်စု လမ်းလွဲလိုက် ခဲ့ကြလေပြီ။
YOU ARE READING
ဒီနေ့ကကျွန်မမွေးနေ့
Horrorသူတို့တွေ တကယ်ရှိတာကိုယုံလား။ နောက်ပြီး ဘာကြောင့် မကျွတ်မလွတ်ဖြစ်နေရတယ်ထင်လဲ။