3

16 2 0
                                    

 

ကားပေါ်မှဆင်းလိုက်သည်နှင့်တစ်ပြိုင်နက် မှိုင်းသည် တောတောင်ရေမြေသဘာဝ တိုးဝှေ့လာသောအငွေ့အသက်များကိုခံစားရလေ၏။ မွေးနေ့ဖြစ်သည့်အလျောက် တက်ကြွလန်းဆန်းသောစိတ်များနှင့် အသက်ကိုဝအောင်ရှူရှိုက်လိုက်ကာ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကားပေါ်မှဆင်းလိုက်သည်နှင့်တစ်ပြိုင်နက် မှိုင်းသည် တောတောင်ရေမြေသဘာဝ တိုးဝှေ့လာသောအငွေ့အသက်များကိုခံစားရလေ၏။ မွေးနေ့ဖြစ်သည့်အလျောက် တက်ကြွလန်းဆန်းသောစိတ်များနှင့် အသက်ကိုဝအောင်ရှူရှိုက်လိုက်ကာ

     "ရေသံကြားတယ်။ဟိုနားမှာရေတံခွန်ရှိတယ်ထင်တယ်" မှိုင်းခက်သွက်သွက်မေးခွန်းထုတ်လိုက်၏။
     "ရှိတယ်။ဒီနေ့ရာက ငါတို့အုပ်စု camp ထွက်နေကြနေရာလေ" ယောကျာ်းလေးတစ်ယောက်ဖြေလိုက်၏။
     "ဟုတ်တယ်။မှိုင်းသွားကြည့်ချင်လား" ကောင်လေးဖြစ်သူမေး၏။
     "အမြင့်ကြောက်တယ်။မသွားရဲဘူး"
     "ကိုရှိနေတာပဲ"
     "အေးလေ။ ငါလဲမြင်ဖူးချင်တယ်။သွားကြည့်ရအောင်လေနော်"

     မိန်းကလေးသူငယ်ချင်းဖြစ်သူဖြေလိုက်ရာ မှိုင်းခေါင်းငြိမ့်ပြရင်း တစ်ယောက်လက်တစ်
ယောက်ချိတ်ကာ ရှေ့ကသွားလေ၏။ ကောင်လေးဖြစ်သူသည် နောက်တွင်ရှိသောသူငယ်ချင်းများအား

     "လိုအပ်တာတွေအကုန်ပါလာပြီမလား"
     "အကုန်အဆင်သင့်ဖြစ်ပြီ" ဟုဆိုကာ နောက်ကလိုက်လာကြ၏။

     မြင်ကွင်းကြောင့် အလွန်ပင်အံဩမှင်သက်ရလေ၏။ လရောင်ဖျာကျနေသောတောင်စောင်းတစ်ဖက်တွင် တစ်ဟုန်ထိုးစီးဆင်းနေသောရေတံခွန်တစ်ခုသည် လရောင်နှင့်ရှင်လျက် အလှပြိုင်နေကြလေ၏။  ကြည်နူးသဘောကျစွာပြုံးလိုက်ရင်း အနောက်သို့လှည့်လိုက်လျှင်ဖြင့် လက်နှစ်ဖက်ကိုတစ်ချက်တစ်ဖက်စီချုပ်နှောင်လာသောယောကျာ်းလေးနှစ်ဦးသည် နောက်ဖက်ရှိအရွယ်သင့်လှသောကျောက်ဆောင်ပေါ်သို့ လှန်ချလိုက်လေ၏။ နောက်တစ်ယောက်ကား ခြေထောက်များကို မလှုပ်ရှားနိုင်အောင် ချုပ်တွယ်ထားလေ၏။ မိန်းကလေးသူငယ်ချင်းဖြစ်သူက တစ်ဖက်တွင် ကျမ်းစာအုပ်ကဲ့သို ရှေးဟောင်းပုံသဏ္ဌာန်ရှိသည့်စာအုပ်ထူးကြီးကိုကိုင်လျက်၊ ကောင်လေးဖြစ်သူသည် တစ်ဖက်တွင်ဓားမြှောင်တစ်ချောင်းကိုကိုင်လျက် မှိုင်းကိုစိုက်ကြည့်နေလေ၏။

ဒီနေ့ကကျွန်မမွေးနေ့Where stories live. Discover now