တောတောင်များအနီး အဝေးပြေးလမ်းမကြီးတစ်ခု၌ အမျိုးသားနှစ်ဦး စကားပြောနေ၏။
"ခင်ဗျားစားသောက်ကုန်အလုပ်က အခြားမြို့တွေပါပို့ပေးနေရရင် တော်တော်လေးခရီးရောက်နေပြီပဲ"
"ကြားထဲနိုင်ငံခြားသွားနေတာနဲ့ နောက်ပြီး မိဘတွေမရှိတော့ထဲက ဒီလုပ်ငန်းကိုချောင်ထိုးထားတော့ အခုမှစခန်းထလာနိုင်တာပါဗျာ"
"မဆိုးပါဘူးဗျာ။ ဝင်ငွေနဲ့ထွက်ငွေမျှနေတာပါပဲ"ထိုစဉ် ရှေ့တွင် အဖြူရောင်ဝတ်စုံဖြင့် ကောင်မလေးတစ်ယောက်လက်ပြနေသည်ကိုဝိုးတဝါးမြင်လိုက်ရ၏။
"အကိုတို့ ညီမ ကားကြုံစီးလို့ရနိုင်မလား" အေးစက်စက်လေသံဖြင့်မေးလိုက်၏။
ချောမောလှပသည့်ကောင်မလေးဖြစ်သည့်အတွက် မောင်းသူဘေးက
"ရပါတယ်ဗျာ၊တက်ပါ"ကားနောက်ခန်းတွင်ဝင်ထိုင်လိုက်၏။"ညီမတစ်ယောက်ထဲဒီနေရာ ဒီအချိန်မှာ ဘာလို့ရှိနေတာလဲ"
"မွေးနေ့ပွဲပြီးတော့ သူငယ်ချင်းတွေက လမ်းစဖြတ်ပြီး ဒီတောထဲမှာ တစ်ယောက်ထဲထားခဲ့ကြတာ"
"စိတ်မကောင်းစရာပဲ၊ အလှပကေးလေးကို။ ဒီလိုနေရာမှာမွေးနေ့ပွဲကျင်းပတာလဲထူးဆန်းတယ်နော် ဒါနဲ့ညီမကဘယ်သွားမလို့လဲ၊ အသက်ကရော"အချောအလှလေးမြင်လျှင် စကားများလွန်းတက်သည်ကို သတိပြုမိရင်း
"မေးခွန်းတွေကများလိုက်တာ" ဘေးတွင်ကားမောင်းနေရင်းလှမ်းထောက်သည့်အတွက် ဆက်လက်မေးမြန်းရန်လမ်းပိတ်သွားလေ၏။လေထုမှာ ခြောက်ကပ်နေပြီး ဘီးသည်တလိမ့်လိမ့်ရွေ့လျားနေရင်း ဥမင်လိုဏ်ခေါင်းသို့ဖြတ်ရာ အလင်းရောင်တစ်ဖြတ်ရသည့်နေရာတွင် မောင်းသူသည်နောက်ခန်းသို့ ဘတ်မှန်မှလှမ်းတစ်ဆင့်ကြည့်ရင်း ခြောက်ခြားစရာကောင်းလှသည့် စူးရှသောမျက်လုံးများဖြင့်ကြည့်နေသည်ကိုမြင်လိုက်ရ၏။မှောင်မိုက်သွား၏။ အလင်းပြန်ရသည့်အခါ ထိုအကြည့်များသည်ဆက်လက်၍ရှိနေဆဲ။ ပြန်၍မှောင်မိုက်သွားပြန်၏။ ထိုအချိန် အလင်းရောင်ပြန်ရသည့်အခါ မရှိတော့။ ပျောက်ကွယ်သွားလေ၏။ မျက်လုံးများပြူးကျယ်သွား၍
"မရှိတော့ဘူး။ စောနကကောင်မလေးမရှိတော့ဘူး"
ဘေးတွင် မေးခွန်းမမေးမြန်ရတော့သည့်အတွက် ငြိမ်၍အိပ်ငိုက်နေရင်းလိုက်ပါလာသူက အလန့်တကြားနိုးလာကာ အနောက်လှည့်ကြည့်လိုက်လျှင်ဖြင့် ဘွားခနဲ မျက်နှာတည့်တည့်၌ လောက်စာလုံးလောက် ပြူးကျယ်သောမျက်လုံးများတွင် နီရဲသောအကြောများဖြင့်၊ ပါးများမှာဆက်မနေ အပေါ်သွားအပိုင်းသည် ခေါင်းဖက်မှအနောက်ဖက်သို့လန်ကျချင်နေ၏။ ပါးစပ်ကြီးမှ ပြဲလန်နေပြီး စက်ဆုပ်ဖွယ် ထိတ်လန့်စရာကောင်းလှ၏။ နှစ်ယောက်သားပြိုင်တူအော်ဟစ်လျက် ကားကိုမနဲထိမ်းမောင်းလာကာ တစ်ယောက်တစ်လှည့် နောက်သို့လှည့်ကြည့်ရင်း လမ်းစပြတ်၍ အလှမ်းဝေးသည့်နေရာရောက်သော် ကားကိုရပ်၍ရေသောက်သူကသောက် ကားပြင်ထွက်၍ အသက်ဝအောင်ရှူရင်း
"ကြောက်စရာကောင်းလိုက်တာ။လိပ်ပြာလွင့်တော့မလိုပဲ"
"ကြောက်လို့သာပဲ လမ်ခင်းနေတာ မင်းပဲလေ" တစ်ဖက်လူသောက်နေသော ရေဘူးကိုယူ၍အတင်းမော့သောက်ရင်း ကားနောက်ခန်းမှ စားသောက်ကုန်များထည့်ထားသော ပုံးတွင် မည်သည်မျှမရှိတော့သည်ကိုသတိပြုမိသွား၏။
"ဟာ မုန့်တွေမရှိတော့ဘူး"
"ဟေ ဟုတ်သား။ မုန့်စားချင်လဲ ကောင်းကောင်းတောင်းရောပေါ့။ အသက်ပါပါတော့မယ်"
အချိန်များတရွေ့ရွေ့ပြောင်းလာသည်နှင့်အမျှ ထိုလူသားနှစ်ယောက်သည် ၎င်းအခိုက်အတန့်ကို အဖြစ်အပျက်အနေဖြင့် အမှတ်တရရှိနေပေတော့မည်။ဤသို့ဖြင့် မှိုင်းသည် သူ၏ မွေးနေ့သို့ရောက်တိုင်း ထိုအရပ်ဒေသ၌ဖြတ်သန်းသွားလာသော ယာဉ်များတွင်ပါရှိသည့် စားစရာများကို ခြောက်လန့်၍လုယူစားသောက်နေလေ၏။
သင်တို့လဲဂရုပြုသင့်ပါ၏။ မှိုင်းရွက်လှေငယ်နှင့်တွေ့ဆုံရလျှင် ထိုသို့ပင်ဖြစ်လာပါလိမ့်မည်။
"ဟိတ် ဒီကိုကြည့် ရှူး..." မျက်လုံးပြူးကြီးများဖြင့် ပါးစပ်သည်ကားနားရွက်သို့ထိလုနီးနီး အပြုံးကြီးများဖြင့် ချွန်ထက်နေသောလက်သည်းများကိုတင်လျက်။ မှိုင်းရွက်လှေငယ်။
YOU ARE READING
ဒီနေ့ကကျွန်မမွေးနေ့
Horrorသူတို့တွေ တကယ်ရှိတာကိုယုံလား။ နောက်ပြီး ဘာကြောင့် မကျွတ်မလွတ်ဖြစ်နေရတယ်ထင်လဲ။