ဒီဝတ္တုလေးကတော့ ကျွန်တော့်ရဲ့အိမ်မက်ကဖြစ်ရပ်နဲ့ စိတ်ကူးယဉ် ရောထွေးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။
အခုလည်း တက္ကသိုလ်နောက်ခံပဲရေးဖြစ်ပါရဲ့။ ဒီဝတ္တုမှာတော့ တကယ်အပြင်မှာ ရှိနေတဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) နောက်ခံ၊ အချိန်ကာလကတော့ ခုနစ်အတိအကျမရှိပါဘဲ ငြိမ်းချမ်းနေတဲ့ကာလတစ်ခုမှာ။
အမျိုးသမီးတွေနဲ့ အနေများတဲ့ ကျွန်တော့်အဖို့တော့ အမျိုးသမီးတွေကြားက မေတ္တာဖွဲ့ကိုပဲ ရေးဖြစ်နေပါတယ်။ အခြားမတူညီတဲ့ ပုံစံလေးတွေကိုလည်း ကြိုးစားကြည့်ပါဦးမယ်။
ဒီဇာတ်လမ်းကိုလည်း ကျွန်တော့်ဟန်အတိုင်း ရိုးရိုးရှင်းရှင်း ငြိမ့်ငြိမ့်လေးပဲရေးသွားမှာပါ။ တစ်ချို့ အချိုးအကွေ့တွေလည်း ပါချင်ပါမယ်ပေါ့လေ။ ဒါတော့ မပြောတတ်ပါဘူးဗျာ။
အတိုအရှည်ကိုတော့ မမှန်းတတ်ပါဘူး။ ခပ်တိုတိုရေးမယ်တွေးကာမှ ရှည်ချင်ရှည်သွားတတ်လို့လေ။ ကျွန်မ၏ပန်းချစ်သူအမျိုးသမီးငယ် မပြီးခင်မှာပဲ ထပ်ရေးလိုက်ပြန်ပါပြီ။ ဒီဇာတ်လမ်းကိုတော့ တစ်ပတ်တစ်ပိုင်း တင်ဖြစ်မယ်ထင်ပါရဲ့ဗျာ။
ကဲ ဒါဆို ဇာတ်လမ်းလေးစလိုက်ကြရအောင်....။
သျှားမိုးဝသုန်
28th October 2024
YOU ARE READING
ခင်မင်မှု ကြိုးမျှင်တစ်စ (Unicode Version)
Romanceဒီ ဝတ္တုလေးမှာတော့ နူးညံ့သန်မာတဲ့အမျိုးသမီးတွေရဲ့ ချစ်ခြင်းမေတ္တာလေးတွေကို ပုံဖော်သွားမှာပါ။ တက္ကသိုလ်နောက်ခံဇာတ်လမ်းလေးတစ်ပုဒ်.... အမျိုးသမီးတွေရဲ့ ခံစားချက်မျိုးစုံကို အတူစီးမြောရအောင်ပါလေ။