အပိုင်း (၁)

25 2 0
                                    

ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ)

ရန်ကုန်မြို့တွင် ရှိသော စီးပွားရေးတက္ကသိုလ်တစ်ခု။ လှိုင်နယ်မြေဝန်း၊ ပါရမီလမ်းထဲတွင် ရှိသည်။ ကျောင်းကြီးမှာ ကျယ်ဝန်းလှသည်ဟုမဆိုနိုင်။ ကျဉ်းသည်ဟုပင် ပြော၍ရသည်။ ကျောင်းဝန်းတွင် ‌သုံးထပ်ဆောင်ကျောင်းဆောင်တစ်ဆောင်၊ ကန်တင်းသုံးခု၊ ကျောင်းသားရေးရာအတွက် အဆောင်တစ်ဆောင်ဟူ၍ပဲရှိသည်။ ဆရာ၊ ဆရာမကားများထားရန် ပါကင်ကျဉ်းကျဉ်းတစ်ခုတော့ ရှိပါသေးသည်။ ‌ထို့ကြောင့် ရန်ကုန်စီးပွားရေးတက္ကသိုလ် လှိုင်နယ်မြေကို ကျဉ်းသည်ဟု ဆိုရခြင်းပင်။

တက္ကသိုလ်၏အနောက်ဘက်ကပ်ရပ်တွင်တော့ RC2 ဟု ခေါ်ကြသော ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ရှိကာ ခြံတစ်ခုသာခြားသည်။ ကျောင်းနှစ်ခုကြားတွင် တံခါးတစ်ခုရှိသည်။ ထိုမှ ကျောင်းနှစ်ကျောင်း ကူးလူးနိုင်သည်။

တက္ကသိုလ်၏မျက်နှာချင်းဆိုင် ကားလမ်းတစ်ဖက်ခြမ်းတွင်တော့ အသုံးချစာရင်းအင်းပညာဌာနရှိသည်။ ထိုဝန်းဘက်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်ပိုင် ဗီလာအချို့ရှိသည်။ ကျောင်းရှေ့မျက်နှာစာမှ ထွက်၍ အင်းစိန်လမ်းရောက်သောဘက်သို့ တစ်မိနစ်၊ နှစ်မိနစ် လမ်းလျှောက်လျှင် ပတ္တမြားဆောင်ဟုခေါ်သော စီမံခန့်ခွဲမှုပညာဌာနရှိသည်။ ထိုဝန်းထဲတွင် စီးပွားရေးတက္ကသိုလ်၏ စာကြည့်တိုက်ရှိသည်။ အဲကတစ်ဆင့် မျက်စောင်းထိုး ကားလမ်းတစ်ဖက်ခြမ်းတွင် သတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်ရှိသည်။

ထိုနှင့် ဆန့်ကျင်ဘက်သို့ လျှောက်မည်ဆိုပါက ရေကန်တစ်ကန်ကိုတွေ့ရလိမ့်မည်။ ရေကန်မတိုင်ခင်တွင်တော့ တက္ကသိုလ်များလှိုင်နယ်မြေဆိုင်းဘုတ်ရှိနေသော လမ်းတစ်ခုကို တွေ့ရလိမ့်မည်။ ထိုလမ်းကိုကျော်ကာ ရေကန်ဘေးဘက်လမ်းက ‌ဆက်လျှောက်ပါက ပြည်လမ်းကို ရောက်သည်။ ပြည်လမ်းအကွေ့နားတွင်တော့ အေဒီမှတ်တိုင်ရှိသည်။ ပြည်လမ်းတစ်ဖက် ပါရမီလမ်းဘက်ကို တည့်တည့်လျှောက်မည်ဆိုလျှင်လည်း တစ်ဖက်ခြမ်း၏အေဒီမှတ်တိုင်ကို ရောက်မည်ဖြစ်သည်။

ခင်မင်မှု ကြိုးမျှင်တစ်စ (Unicode Version)Where stories live. Discover now