စန္ဒာပြည့်ဝန်းနှင့် အိမ့်ကလျာတင့်တို့ နှစ်ဦး တစ်ဦးကို တစ်ဦး အပြန်အလှန်ငေးကြည့်နေကြသည်။ ဝင့်လွှာဖူးစံနှင့် ထက်အိန္ဒြေခိုင်တို့သည်လည်း သတိလက်လွတ် ငေးကြည့်နေမိကြလျက်။ မြန်မာစာဌာနတွင် ချစ်စရာကောင်းသော ဆရာမလှလှရှိနေသည်မှ မထင်ထားမိပါဘဲ။
"သမီးရေ ဘယ်သူတွေတဲ့လဲ။"
အထဲမှ ဒေါက်တာ သီရီသဇင်၏ မေးမြန်းသံထွက်ပေါ်လာသည်။ ထိုအခါမှသာ အိမ့်ကလျာတင့်အပါအဝင် ကျန်သုံးဦးစလုံး သတိဝင်လာကြ၏။ ထိုအခါ အိမ့်ကလျာတင့်က ဦးစွာ ဆရာမအမေးကို ဖြေလာသည်။
"သမီးတို့က ဆရာမ ဒေါ်ခင်ယုယနွေး အတန်းကပါ။ ဆရာမက သမီးတို့ Roll call စာရွက်မှာ လက်မှတ်ထိုးပြီးတာနဲ့ ဌာနကို လာပေးပါဆိုပြီး မှာလိုက်လို့ပါ။"
ထိုအခါ ဒေါက်တာခင်ယုယနွေးက စန္ဒာပြည့်ဝန်းကို လှမ်းမှာလိုက်သည်။ "သမီးစန္ဒာရေ ညီမလေးတို့ဆီက Roll call စာရွက်လေး ဆရာမခုံပေါ်တင်ပေးထားပါဦးကွယ်။"
စန္ဒာပြည့်ဝန်းလည်း "ဟုတ်ကဲ့ပါ ဆရာမ" ဟု ဆရာမဖြစ်သူကို လှမ်းပြောလိုက်သည်။ နောက် အိမ့်ကလျာတင့်ကို ပြုံးပြကာ "Roll call စာရွက် အစ်မကိုပေးလိုက်နော်။ ညီမလေး အိမ့်။" ဟု ပြောကာ တောင်းလိုက်သည်။ အိမ့်ကလျာတင့်လည်း စာရွက်ကို စန္ဒာပြည့်ဝန်းကို ပေးလိုက်ပါသည်။ နောက် အိမ့်ကလျာတင့်က ပြောလာသည်။ "အစ်မကို တွေ့မဲ့တွေ့တော့လည်း မြန်မာစာဌာနမှာ တွေ့တာပဲ။ ရေစက်တွေပဲ ထင်တယ်နော်။ တစ်နေ့တည်း နှစ်ခေါက်တောင် တွေ့ကြတယ်ဆိုတော့။"
"ဟုတ်ပနော်။ အစ်မလည်း ညီမလေးကို ဒီမှာ တွေ့မယ်လို့ မထင်ထားမိဘူး။ ဘေးကနှစ်ယောက်က ညီမလေးရဲ့ သူငယ်ချင်းတွေလား။"
အိမ့်ကလျာတင့် အနားတွင် ရှိနေသော ဝင့်လွှာဖူးစံနှင့် ထက်အိန္ဒြေခိုင်တို့ကို ပြုံးပြရင်း ပြောလိုက်သည်ပင်။ ထိုအခါ အိမ့်ကလျာတင့်က သူငယ်ချင်းနှစ်ယောက်ကို စန္ဒာပြည့်ဝန်းနှင့် မိတ်ဆက်ပေးလိုက်သည်။
"သူက ဝင့်လွှာဖူးစံ၊ သူက ထက်အိန္ဒြေခိုင်တဲ့။ ညီမနဲ့ တစ်ခန်းတည်းကပဲ။ အတူတူထိုင်ရင်း ရင်းနှီးကြတယ်ပဲ ဆိုပါတော့။"
YOU ARE READING
ခင်မင်မှု ကြိုးမျှင်တစ်စ (Unicode Version)
Romanceဒီ ဝတ္တုလေးမှာတော့ နူးညံ့သန်မာတဲ့အမျိုးသမီးတွေရဲ့ ချစ်ခြင်းမေတ္တာလေးတွေကို ပုံဖော်သွားမှာပါ။ တက္ကသိုလ်နောက်ခံဇာတ်လမ်းလေးတစ်ပုဒ်.... အမျိုးသမီးတွေရဲ့ ခံစားချက်မျိုးစုံကို အတူစီးမြောရအောင်ပါလေ။