မြူ့ရဲ့ လက်ကနေ ဆွဲလိုက်ပြီး မွေ့ယာပေါ်မှာ လှချပစ်ကာ လင်းမြတ်က အပေါ်ကနေ အုပ်မိုးထားတဲ့ အနေအထားဖြင့် မြူ့ရဲ့ ဖြူဖွေးနုဖက်သော လည်တိုင်ကို အနမ်း အမှတ်သားများ စတင်ပေးတော့သည်။ မြူက လက်မခံပဲ အတင်းရုန်းနေသောကြောင့် မြူ့လက်ဖ၀ါးလေး ၂နှစ်ဖက်အပေါ် လက်ချင်းထပ်လျက် ဆုပ်ကိုင်ထားသည်။
"ဆက်လုပ်နေမယ်ဆိုရင်မြူ ကိုလင်းမြတ်နဲ့လမ်းခွဲရလိမ့်မယ်"
"မြူ ဘာလို့လဲ ကိုထိတာမကြိုက်လို့လား"
"မကြိုက်ဘူး"
"ကိုမှားပါတယ် မြူ မကြိုက်တာကို မလုပ်ခဲ့သင့်တာ"
"ပြန်လိုက်တော့"
"မပြန်ဘူး ကိုမှားပါတယ်"
"တော်ပါတော့"
"ကို့ရဲ့ ဖုန်း Lock screen ကိုကြည့် "
Lock screen မှာ မြူအိပ်ပျော်နေတဲ့ပုံလေးဖြစ်သည်
"ဟာ ကိုလင်းမြတ် ရှင် မတရားလွန်လာပြီနော် ကျွန်မအိပ်နေတဲ့ပုံကိုလဲရိုက်ယူထားတယ် lock screen မှာလဲထားထားတယ်"
"မကြိုက်ဘူးလား မိန်းကလေးတေက အဲ့လိုတေ ထားပေးတာ သဘောကျတာ မဟုတ်ဘူးလား"
"အခုချက်ချင်း ရှင့် ဖုန်းထဲက ပုံတေ အကုန်ပြန်ဖျက် lockscreen ထဲက ပုံရော ဖျက်ပစ် အကုန်လုံး ကျွန်မပုံ တစ်ပုံမှ မကျန်စေနဲ့"
"မြူ မင်း ဖြစ်စေချင်တာအကုန်လုပ်ပေးမယ် လမ်းခွဲမယ့်စကားတော့မပြောပါနဲ့"
"ဘာလဲ ရှင်က ကျွန်မကိုခြိမ်းခြောက်တာလား"
"မြူ မင်းထင်နေသလို မဟုတ်ဘူးလို့"
"အခုချက်ချင်းဖျက်"
အသံကုန်ချစ်ကာ ပြန်အော်လိုက်သည် မြူ့ကို ကြည့်ရသည်မှာ ဒေါသထွက်နေသည်မှာ အလွန်သိသာသည်
"ကိုဖျက်ပေးမယ် ဟုတ်ပြီလား"
"ကျွန်မတို့လမ်းခွဲကြရအောင် "
"မြူ ငါတောင်းပန်ပါတယ် မင်းမဟုတ်တာတေလျှောက်မလုပ်ပါနဲ့ကွာနော်"
မြူ့ရှေ့ဒူးထောက်ပြီး မျက်ရည်၀ဲကာတောင်းပန်နေသော်လည်း မြူ စိတ်တိုတာကို မထိန်းချုပ်ထားနိုင်ပါ ။ မြူ စိတ်ထွက်ပေါက်တစ်ခုအဖြစ် အခန်းထဲက Couple ၀ယ်ထားတဲ့ကြေခွက်လေးရယ် ကြွေပန်းအိုးလေးရယ်ကို ပစ်ခွဲ ပစ်လိုက်သည်။ မြူက ငယ်ငယ်တုန်းက စိတ်ဒဏ်ရာတေကြောင့် အချစ်ကိုမယုံကြည်တာရယ် ဒေါသထိန်းချုပ်မရတာရယ်က ဒဏ်ရာတေသာဖြစ်သည်။ မြူ စိတ်ဒဏ်ရာတေရဲ့ အရင်းအမြစ်က မြူ့မိတေပင်ဖြစ်သည်။ မြူ့ မိဘ ၂ယောက်လုံး ကြားတွင် ချစ်ခြင်းမေတ္တာ မရှိပါ။ မိဘ ၂ ပါး အချင်းချင်းစကားများ ရန်ဖြစ်ကြလျှင် မြူ့ကိုပဲ မဲကာ ၀ိုင်းဆူလေ့ ရှိကြသည် ။ မြူ့ရင်ထဲတွင် သိမ်းဆည်းထားသောအဖြေတစ်ခုရှိသည်။ မြူ ဟာ မြူ့အမေနှင့်အဖေ မလိုချင်ပဲ ရလာတဲ့ကလေးဖြစ်ကာ မြူ့ကိုယ်၀န်ကို လွယ်ထားရပြီမို့ မြူ့မိဘတေလက်ထက်လိုက်ကြတာ ဖြစ်ပါတယ်။ မြူ့ မွေးချင်း ညီမလေးကတော့ မိသားစုရဲ့အချစ်ခံလေးဖြစ်သည် သူမသည် ကံမကောင်းစွာနဲ့ပဲ အသက် ၁၉အရွယ်မှာ နှလုံးရောဂါကြောင့်ဆုံးပါးသွားပြီဖြစ်သည်။
YOU ARE READING
The Wind from Summer Night
Romanceမြူ . . . မင်းရဲ့ အပြုံးတေက ကို့အတွက် မဟုတ်ရင်တောင် မင်းပျော်နေတာကို မြင်ရတာ ကို့အတွက် ထပ်တူပျော်ရပါတယ် တစ်နေ့မင်းဟာ ယော့ဖာချက္ကရီ ဆိုတဲ့ အမျိုးသားရဲ့ သတို့သမီး ဖြစ်ကိုဖြစ်လာစေရမယ် ကိုချစ်တာ မြူ့ကို ပိုင်ဆိုင်လိုစိတ်နဲ့ချစ်တာ မြူသာကို့အနားရှိနေရင...