Part - (3)

53 0 0
                                    

"ဆရာက မြူ့အစ်ကို အရင်းမှမဟုတ်တာ ဘာလို့ မြူ့ကိစ္စတေ လိုက်စွက်ဖက်နေတာလဲ"

​ ပြောနေရင်း မျက်ရည်များ ၀ဲတက်လာကာ မြူ ငိုမချမိအောင် ထိန်းထားရသည်မှာ မျက်လုံးတေ ရဲနေတာ ကြည့်ရင် သိသာသည် အသံကလဲ ပျော့သွားသည်ကို ယော့ဖာ သတိထားမိပါသည်

"ကိုတောင်းပန်ပါတယ်"

"ဟုတ် ဆရာ ရပါတယ် မြူ နောက်ဆို အတန်းမလစ်တော့ပါဘူး ဒီ Assignment ကို ဒီမှာတင်ပဲ အပြီးရေးပြီး တင်ပေးခဲ့ပါ့မယ်"

"မြူ မလုပ်နဲ့တော့ ထားခဲ့တော့"

"ရတယ် အပစ်ပေးတာမလား"

"မြူ တော်တော့လို့"

​ ပြောမရတော့ စာရေးနေတဲ့လက်ကို အတင်းဆုပ်ကိုင်လိုက်ကာ

"မြူ ကိုပြောနေတာကိုနားထောင်"

"မြူ့လက်ကို အရင်လွှတ်"

"မြူ ဆက်မရေးရင် လွတ်ပေးမယ်"

မြူ့ဖုန်းကို၀င်လာတဲ့ အ၀င်ကော တစ်ခုဟာ လင်းမြတ်ဆီမှဖြစ်သည်

"မြူမရေးတော့ဘူး"

မြူဖုန်းကိုကိုင်လိုက်ပြီး

"ဟယ်လို ကိုလင်းမြတ်ပြောလေ"

"မြူ ကနေ့ညနေ ရုပ်ရှင်သွားကြည့်ရအောင်"

"ကိုလင်းမြတ်ကို အားနာပါတယ် မြူဒီကနေ့ မအားဘူး ကားလဲမပါဘူး မကြည့်တော့ဘူးနော်"

"ကို အိမ်ပြန်လိုက်ပို့ပေးမယ်လေ "

"ရပါတယ်"

"မြူရယ် ဒါတော့မငြင်းပါနဲ့"

"ဟုတ်ပြီ Car park ကစောင့် မြူ ခဏနေလာခဲ့မယ်"

"မြူ့ကိုသွားခွင့်ပြုပါအုံးဆရာ ညနေကတော့ မြူ့ကို ပြန်မပို့ပါနဲ့ အားနာစရာတေ ဖြစ်ကုန်မယ် မြူ့သူငယ်ချင်းနဲ့ အတူတူ ပြန်လိုက်မယ်"

"ကိုလိုက်ပို့ပေးပါမယ် "

"ကနေ့ ဆရာ ဆရာမတေ အစည်းအဝေးရှိတယ်မလား မြူ့ဘာသာပြန်လိုက်မယ် မပို့ပါနဲ့ "

"ကို့ကို အိမ်ပြန်ရောက်ရင် စာပို့"

"အမေ့ကိုပြောခိုင်းလိုက်ပါ့မယ်"
_
_
_
_
"မြူ ကနေ့ လှတယ်နော် ဖဲပိုး ငပိရောင်လေးနဲ့က မြူနဲ့လိုက်တာပဲ"

The Wind from Summer NightWhere stories live. Discover now