အပိုင်း - ၇၀ ( ကိုယ့်ဘဝကိုယ် တာဝန်ယူပါ )တောင်အဆင်းလမ်းကာ ကွေ့ကာကောက်ကာနှင့် ။Rolls-Royce ၏ ရှေ့ခန်းတံခါးမှာ တစ်ဝက်ပျက်သွားကာ ပင်လယ်လေပြည်ကလည်း တဖြူးဖြူးတိုက်ခတ်ဝင်ရောက်လာ၏။
ချန်ဝမ် စိတ်အေးချမ်းကာ ပျော်ရွှင်ကျေနပ်ရသည်။ လျောင့်ချွမ်နှင့် ချန်ဘင်ရှင့်၏ ကံကြမ္မာအား အားရကျေနပ်နေခြင်း မဟုတ်ဘဲ ကျောက်ရှန်းကောကြောင့်သာ ဖြစ်ပေ၏။
လေအဟုန်ကြောင့် ချန်ဝမ်၏ဆံပင် ရှုပ်ပွနေလို့။ သူစီးကရက်ဘူး လှမ်းယူရန် ပြင်လိုက်စဉ် ကျောက်ရှန်းကောမှ လာတားထား၏။
"နေ့ခင်းပိုင်းပဲ သောက်ရမယ်"
ချန်ဝမ်မှာ အအိပ်ဆတ်ကာ အိပ်ရာမဝင်ခင် ဆေးလိပ်နှင့်အရက် မသောက်ဖို့ မော်နီကာ အကြံပြုထားသည်။
ချန်ဝမ် ပြုံးလိုက်၏။
"ဟုတ်ပါပြီ"
အမှန်တကယ်တော့ ကျောက်ရှန်းကောနှင့် အတူရှိရပြီးကတည်းက ချန်ဝမ်လည်း အိပ်မပျော်သည့် ဝေဒနာကိုရော၊ အိပ်မက်ဆိုးမှ ကြောက်လန့်တကြား နိုးထလာရသည့် ဖြစ်ရပ်များများရော သိပ်မကြုံရတော့ပါ။ အိပ်သောအခါတွင်လည်း ကျောက်ရှန်းကောက သူ့ခေါင်းကို ရင်ခွင်ကျယ်ထဲ ထည့်သိပ်ကာ ခါးကိုလည်း ဖက်ပေးထားသည်။ ထိုသူ၏ ထွက်သက်ဝင်သက်များကအစ နွေးထွေးလှကာ လုံခြုံမှု ပေးစွမ်းနိုင်လှ၏။ သို့သော် ယနေ့ညမှာတော့ ချန်ဝမ်တစ်ေယာက် အမှောင်ထုထဲ ရှားရှားပါးပါး မျက်စိေကြာင်နေဆဲ။
စောင်အနားသတ်ကို သူ အသာ မ,လိုက်၏။ သို့သော် ရုတ်ချည်းဆိုသလို သူ့လက်ကောက်အား တစ်စုံတစ်ယောက်မှ ဖမ်းဆွဲလာေပ၏။
ချန်ဝမ်လည်း အမှောင်ထုကြား လှည့်ကြည့်လိုက်ကာ တိုးတိုးလေး မေးလိုက်သည်။
"နှိုးမိသွားတာလား"
အိပ်ထားသောကြောင့် ကျောက်ရှန်းကော၏ ဆံပင်များ အနည်းငယ် ရှုပ်ပွနေလို့။ ထိုသူမှာ ပျင်းရိပျင်းတွဲနှင့် ငိုက်မြည်းနေဆဲ ဖြစ်ဟန်ပင်။ သို့သော် သူ့မျက်ဝန်းများကမူ ကြည်လင်နေကာ အသံကမူ ကြမ်းကြမ်းရှရှ။
![](https://img.wattpad.com/cover/373527938-288-k999322.jpg)
YOU ARE READING
ချီလော့လီဝေစီးထံမှ ပြန်စာ [ To Keats ] [ Completed ]
Romance"ချန်ဝမ်...ကိုယ် မီးခြစ် ယူမလာခဲ့ဘူး"