The past is end , Continue part 3
သွေးမရှိသည့်နယ် ဆေးရုံကုတင်ပေါ်က အနှီကောင်လေးဟာ မျက်လုံးလေးတစ်စတစ်စပွင့်၍ လာခဲ့၏
ဘေးဘီကိုကြည့်မိတော့ ဘယ်သုမှမရှိပေ။
အားကုန်သုံး၍ ဝေတီဝါးတားဖြင့် ငုတ်တုတ်ထထိုင်စဉ် ရေခရားလေကိုင်ပြီး ဝင်လာသည့် ရူတို့ကိုတွေ့လိုက်ရတော့သည်။
" ကိုကို "
"...."
ယိုရှီသည်မသိသလိူဖြင့် မျက်နှာအားဆန့်ကျင်ဘက်သို့လှည့်သွားခိုက်တွင်
" ကိုကို....ဆန်ပြုတ်သောက်ရအောင်နော် , ကျွန်တော်ခုနက ဝယ်ထားတယ် "
ပြောလဲပြော ရင်း ဆန်ပြုတ်ကိုဇွန်းတက်ပြီး ခွံ့တော့မည့်ဆဲဆဲ ယိုရှီဟာ တွန်းထုတ်တော့သည်။
" ကိုကို ...ပါးစပ်ဟ "
"......"
" ကိုကို "
" မင်းဘယ်လိုဖြစ်နေတာလဲ "
" ကိုကိုဆေးသောက်ရမယ်လေ.. အစာရှိမှရမှာပေါ့ "
" ဒါဆို ထားခဲ့...ပြီးရင်ပြန်တော့ "
" မပြန်ဘူး.."
" မင်းကဘာလဲ ဟာရူတို .. ဟမ် , ငါ့ကိုအနာပေးလိုက်ဆေးပေးလိုက်လုပ်နေတာလား "
" ဒါဆို သောက် ... ကျွန်တော်ပြန်မယ် , ပြီးတော့ ကျွန်တော့ company မှာ ခင်ဗျားအလုပ်ဝင်ရမယ်"
" မင်းကဘာမို့လို့ အမိန့်လာပေးနေတာလဲ "
" ကျွန်တော်ငြိမ်နေလို့ အကောင်းမထင်နဲ့နော် ယိုရှီနိုရီ ၊ လွန်ခဲ့တဲ့ ၁၈နှစ်လောက်ထဲက ခင်ဗျားကိုကျုပ်ပိုင်ပြီးသား "
" မင်းဘာတွေလာပြောနေတာလဲ ရူတို ၊ ငါ့ဘဝကိုငါကလွဲရင် ဘယ်သူမှမပိုင်ဘူး ၊ ဘယ်သူကမှလဲ မပိုင်စေရဘူး "
ဟာရူတိုသည် ဆက်၍ မပြောနေတော့ပဲ နှုတ်ခမ်းမဲ့ပြီးပြုံး၍သာ ကားသော့ယူ၍ထွက်သွားတော့သည်။
ကျန်ခဲ့သောအကောင်ပေါက်ကလေးသည် ရူတိုဝယ်လာသည့် ဆန်ပြုတ်လေးကိုကြည့်ရင်း မျက်ရည်ကြီးပေါက်ငယ်ကျလာ၏
YOU ARE READING
နှလုံးသား ကြိုးမိန့် ( on going )
أدب الهواةမျှော်လင်ချက်မဲ့ အမှုသည် သာလျှင် ငါဖြစ်သည်။