Chapter 29

31 4 0
                                    

အခန်း (၂၈) ကျွန်တော် ကျောက်ဆစ်ပညာကို သင်ချင်တယ်

လန်ကာ့တံတွေးသီးသွားလေသည်။
အစပိုင်းက လန်ကာ့သည် ရှောက်ရွှမ်ပြောလာမည့်စကားများက ခန့်မှန်းနေခဲ့သည်။ သူမည်သည့်အဖြေကိုပေးသည်ဖြစ်စေ သူ့အနေဖြင့် တစ်ခုခုကို ဆရာလုပ်ပြီး ဆုံးမလိုက်မည်ဟု တွေးနေခဲ့သည်။ ယခင် အချိန်များက အမဲလိုက်အဖွဲ့သို့ လူသစ်များ ရောက်လာခဲ့လျှင် သူထိုသို့သာ လုပ်လေ့ရှိသည်။ သို့သော်လည်း ရှောက်ရွှမ် ထိုသို့ဖြေလိုက်မည်ဟု သူမတွေးထားမိခဲ့ပေ။

လူတစ်ယောက်ရဲ့ဘယ်ဖက်လက်နဲ့ ဘာဆိုင်လို့လဲဟ။

လန်ကာ့ ထိုအဖြေကို ထပ်မံစဉ်းစားနေခြင်းမရှိတော့ပေ။ ထို့အစား သူတည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်

" အဲ့ဒါက ကျောက်တုံးပဲ "

" မင်းတို့သိထားသင့်တာက ငါတို့ဒီနေရာမှ စတင်ပြီးတော့ အခြေချတဲ့အချိန်မှာ ငါတို့က လိုဏ်ဂူထဲမှာပဲ နေခဲ့ကြတယ်။ ကျောက်တုံးတွေဆိုတာက ငါတို့နေ့တိုင်းတွေ့နေပြီးတော့ ထိတွေ့ကိုင်တွယ်နေတဲ့အရာတွေပဲလေ။ ကျောက်တုံးတွေကြောင့်ပဲ ငါတို့ သစ်ပင် သစ်ကိုင်းတွေကို ခုတ်ဖြတ်နိုင်လာတယ် "

သူပြောနေစဉ််အတွင်း လန်ကာ့၏မျက်နှာသည် ပို၍ တည်ငြိမ်လာခဲ့သည်။ ထို့နောက်သူသည် စိတ်လှုပ်ရှားလာသည့်ပုံဖြင့် သူ့လက်သီးများကို တင်းတင်းဆုပ်ထားလိုက်ပြီး

" ငါတို့ ကြမ်းတမ်းတဲ့ သားရဲတွေကို ကျောက်တုံးတွေ အသုံးပြုပြီးတော့ အနိုင်ယူနိုင်ကြတယ်။ ပြီးတော့ သူတို့ကို ထိုးခုတ်နိုင်တယ်၊ သူတို့ခေါင်းတွေကိုလည်း ကျောက်တုံးနဲ့ ထုနိုင်တယ်။ ငါတို့အန္တရာယ်တွေနဲ့ ကြုံတွေ့နေရရင်တောင် ကျောက်တုံးတွေက ငါတို့ဘေးမှာ အမြဲတမ်းရှိနေကြတယ်။ ငါတို့ နောက်ဆုံး အသက်ရှုနေတဲ့ အချိန်အထိပေါ့ "

မျိုးနွယ်စုမှလူများသည် မွေးဖွားလာစဉ်ကတည်းကပင် ကျောက်တုံးများနှင့်ပတ်သက်ခဲ့ကြရသည်။ သူတို့သည် ကျောက်တုံးများဖြင့် ကစားကြပြီး နေ့စဉ်လည်း ထိတွေ့နေရသည်။ ကိရိယာများအားလုံး နှင့် အသုံးအ‌ဆောင်များအားလုံးသည် ကျောက်တုံးများဖြင့် ပြုလုပ်ထားကြခြင်း ဖြစ်သည်။ အမဲလိုက်ထွက်ကြသည့် စစ်သည်တော်များသည် ကျောက်တုံးများဖြင့် ပိုရင်းနှီးကြသည်။ ထို့အပြင် သူတို့နှင့် ကျောက်တုံးများကို ခွဲခြားနိုင်ခြင်း မရှိကြပေ။ လန်ကာ့ ထိုသို့ပြောလာခြင်းမှာ အံ့သြစရာမဟုတ်ပေ။
ကျောက်တုံးများသည် အသက်မရှိကြသော်လည်း ရှောက်ရွှမ်သည်လည်း ကျောက်တုံးများကို နှစ်သက်ပေသည်။

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင် ( ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်  )Where stories live. Discover now