ကွန်ဒို အခန်းကျယ်ဆိုသော်လည်း ရှိသမျှ တံခါးအားလုံး ပိတ်ထား၍ အခန်းတခုလုံး မွန်းကျပ် လှောင်ပိတ်နေသည်။သရီးကွာတားဘောင်းဘီတထည်ကလွဲပြီး တကိုယ်လုံး ဗလာကျင်းထားသော်လည်း ခန္ဓာကိုယ် တခုလုံး ချွေးသီးချွေးပေါက်များက အတောင့်လိုက်။
လည်ပင်းရှိ ခွေးလည်ပတ်ကြိုး အစတဘက်ကို တံခါးလက်ကိုင်ကွင်းတွင် သော့ခလောက်အသေးတခုနှင့်တွဲခတ်ထားသောကြောင့် ဒီနေရာကလွဲပြီး အခြားနေရာ ရွှေ့ခွင့်မရ။
သံကြိုး ရှည်သောကြောင့် ထိုင်လို့ ထလို့ အိပ်လို့ရသည်။
သို့သော် သံကြိုး တဆုံး ကလွဲ သွား၍မရ။
လက်နှစ်ဖက်ကိုလည်း လယ်သာတိပ်နဲ့ အထပ်ထပ် ပူးချည်ထားခံရသည်။မနက်ကထဲက ခွက်ထဲက စားဖို့ ထည့်ထားတာက သူတို့စားပြီးကျန်သော မုန့်ဟင်းခါးအကပ်အသက် နည်းနည်း။ ပြီးတော့ သောက်လို့ ကျန်သော ကော်ဖီ နည်းနည်း။ ပေါက်စီ အပြင်က အခွံနည်းနည်း။
မနက်စာစားပြီး ကိုးနာရီ လောက်ထဲက သူတို့ ထွက်သွားတာ အခု ညနေ လေးနာရီကျော်ပြီဆိုတော့ ဆာဆာနဲ့ ဒီ အစာခွက်ကိုပဲ ခနခနယက် နေတော့ ပြောင်လက်နေပြီ။
သူ့မှာ အစာကို လက်နှင့် စားခွင့်မရှိ။ မနက်က မီးပူတိုက်တာ မမလေး အင်းကျီတထည် မီးကျွမ်းသွား
၍ အပြစ်ပေးခံ ထိထားသည်။
အစာခွက်ထဲ ခွေးများလို လျှာနှင့် ကုန်းရက်စားရသည်။ခွေးတွေလို လျှာမရှည်တော့ အတော် ဒုက္ခ ရောက်ရသည်။အခုလို အရည်အဖက် ရောထည့်သွားသောအခါ ပို ဆိုးသည်။
လက်ရှိ အတောင့်တဆုံးက ရေ။မနက်က ထည့်ပေးထားသောရေက ပူလောင်အိုက်စပ်နေသော အခန်းထဲမှာ နေ့လည်စောစောကပင် တစက် တပေါက်တောင် မရှိတော့။
လည်ချောင်းတလျှောက်လုံး မီးတောက်တော့မတတ်။ ရေငတ်ခြင်း ဝေဒနာကို ခံစားနေရသည်။
ရေ ရေ ရေ ပေးပါ ဟု စိတ်ထဲက တဖွဖွ ရွတ်ရင်း ပင်ပန်းကြီးစွာ အိပ်ပျော်သွားမိသည်။မှေးကနဲ ပျော်မည့်အချိန်တွင် ကျင့်သားရ နားအစုံက အခန်းဝက ခြေသံ ကြားရသဖြင့် ဆတ်ကနဲ အသင့်အနေထား ဖြစ်သော ဒူးနှစ်ဘက်ကို ထောက် ခေါင်းနှင့် ကြမ်းပြင်ကို ပြားပြားဝပ်ပြီး သစ္စာရှိ ခွေးတကောင်လို သခင်နဲ့ သခင်မအား ကြိုဆိုရန် အသင့်ဖြစ်ခဲ့ရသည်။