6.6K 6 0
                                    


ငွေဆောင်ကမ်းခြေကို ဖြတ်တိုက်လာသော လေနုအေးသည် လတ်ဆတ် နုညံ့စွာ ။ ဟိုအဝေးက ပင်လယ်ကြီးက လှိုင်းသံ တဝုန်းဝုန်း ပေးရင်း။ myanmar treasure ဟိုတယ် sea view ခန်းကြီးကလည်း ကျေးလက်ဆန်ဆန်။ ကြားရက်မို့ ဧည့်သည်က ရှင်းလှသည်။ မရှိသလောက်။ building ဘက်တွင်တော့ နိုင်ငံခြားသားစုံတွဲ တချို့တော့ ရှိသည်။

သူကတော့ သဘာဝ အရသာ ခံစားဖို့ ဒီနေရာရောက်လာတာမဟုတ်။ သခင်နှစ်ပါးကို ပြုစုလုပ်ကျွေးဖို့ တခုတည်း သူ့တာဝန်။အခုလဲ သခင်လေး နဲ့ သခင်မလေးက sea view ဝရန်တာ မှာ ကျွန်းဆက်တီပေါ် ခြေပစ်လက်ပစ်ထိုင်ရင်း လေညင်းခံနေကြသည်။

သူကတော့ သခင်လေး ခြေရင်း ဒူးတုပ်ထိုင်ရင်း သခင်လေးခြေဖဝါး နှင့် ခြေသလုံးတလျှောက် စုန်ချီ ဆန်ချီ နှိပ်နယ်ပေးနေရသည်။တောက်လျှောက် ကားမောင်းလာရ၍ သူ့အပြုအစု ကို မျက်လုံးမှိတ် ခံစားရင်း ခန အကြာတော့ တခူးခူး အိပ်ပျော်သွားသည်။ သခင်လေး အိပ်ပျော်တာသေချာတော့မှ ခြေထောက်အစုံကို အောက်ဘက် ချပေးပြီး ဖုန်းပွတ်နေသော သခင်မလေးထံ နှိပ်နယ်ခွင့်ပြုရန် အသနားခံရပြန်ပါသည်။ သခင်မလေးက ဖြူဖွေးနုရွနေသည့် ခြေအစုံကို သူ့ဘက်ထိုးပေးလိုက်သည်နှင့် အသေအချာ ဂရုတစိုက် လက်အစုံဖြင့် နှိပ်နယ်ပေးရသည်။

ကိုကို  ကိုကို

စိတ်ကို စူးစိုက်ထားပြီး အသေအချာ ဆုပ်နယ် နှိပ်ပေးချိန်တွင် ကိုကို ကိုကို အသံကြား၍ သူ လှပ်ကနဲ့ ရင်ခုန်သွားရသည်။

ဗျာ အချစ်လေး  ဟာ   မဟုတ်ဘူး တောင်းပန်ပါတယ် ခင်ဗျ ဟုတ်ကဲ့ အမိန့်ရှိပါ သခင်မလေး ခင်ဗျ

သူယောင်ယောင်မှားမှား ကြောက်ကြောက်လန့်လန့်ဖြင့် သူ့ လက်ထဲရှိ သခင်မလေး ခြေအစုံကို ဦးတိုက် လိုက်မိသည်။ထိုစဉ် သူ့မေးအောက်ရှိ သခင်မလေး ခြေထောက်လေးက ကော့တင်လာပြီ
း သူ့ခေါင်းက အလိုက်သင်ခင်မတ်လိုက်သည်။

ကိုကိုရယ် ဘေဘီ ကိုကို့အပေါ် မတရားရာ ကျနေပီလားဟင် အရမ်းရက်စက်တယ်လို့ ထင်နေပီလားဟင် ကိုကို ဖြစ်နေပုံတွေကြည့်ပီး ဘေဘီ သနားလိုက်တာ ကိုကိုရယ် ဘေဘီ ဘာမှ မတတ်နိုင်လို့ပါနော် ဘေဘီသာ ရက်စက် မပြရင် မောင်က နှစ်ဆ ပိုရက်စက်မှာစိုးလို့ ဘေဘီကပဲ ရှေ့ကနေ ရက်စက် ပြနေရတာပါ ဘေဘီ့ နားလည်ပေးပါနော်

မေတ္တာစေကျွန်Where stories live. Discover now