သူ့ အသက်က လေးဆယ် ။ နယ်မြို့လေး တမြို့တွင် စက်ပိုင် ကားအုံနာ လုပ်ငန်းရှင် သူဌေးလေး မို့ မြို့မျက်နှာဖုံး စာရင်းဝင်။ မိန်းမကလည်း အထက်တန်းပြ ဆရာမ ။ သမီးနှစ်ယောက် နှင့် မိသားစု ဘဝကို ပျော်ရွှင်စွာ တည်ဆောက်ခဲ့သည်။ကံကြမ္မာဆိုးများ စတည်ရာက Facebook ။
Facebook acc ဖွင့်ထားသော်လည်း လုပ်ငန်းကိစ္စ နှင့် စာဖတ်ရုံ သတင်းကြည့်ရုံလောက် သုံးသည်။
သို့သော် တနေ့ friend တယောက် share ထားသည့် မိန်းမငယ် တယောက်ပုံက သူ့ဘဝကို အကြီးအကျယ် ပြောင်းလဲ လိုက်သည်။
မေယမင်း။ Facebook cele ။
သူမ ပုံကို အမှတ်မထင် တွေ့လိုက်မိချိန်မှစ၍ သူ့ရင်တွေ တဆတ်ဆတ် ခုန် မိသည်။
သမီးတွေ အမေ နှင့် မိဘများ သဘောကျ လက်ဆတ်ရသော်လည်း အချစ်ဆိုတာ ယခု အချိန်ထိ သူသေချာ မသိခဲ့။
ရင်ခုန်သည် ဆိုသည်မှာ ဝေလာဝေး။
အခု သူ့ထက် အသက်ထက်ဝက် မျှလောက် ငယ်သော မိန်းကလေး တွေ့မိသောအခါမှ ရှေးရေစက် ကြောင့်ထင့်။ရင်တလှပ်လှပ် ခုန်။စားလည်း သူ့စိတ်။ အိပ်လည်း သူ့စိတ်။အလုပ်ထဲလည်း သူ့စိတ်ဖြစ်နေသည်။
ကောင်မလေးက မန္တလေးသူ။ သူတို့မြိူ့နှင့် မိုင်ငါးရာလောက် ကွာဝေးသည်။
နောက်ဆုံး နှလုံးသားဆန္ဒကို လိုက်ပြီး ကောင်မလေးနှင့် အဆက်အသွယ်ရဖို့ ကြိုးစားသည်။ ဖုန်းဆိုင်တွင် fb fake အကောင့်တခု ဖွင့်ခိုင်းသည်။
ထိုအကောင့်နှင့် ကောင်မလေး အကောင့် ပုံမှန်ဝင်သည်။ like တွေ comments တွေ post တိုင်းရေးသည်။ မကြာခင်ညfriend ဖြစ်သွားသည်။
ကောင်မလေးက အဖီးpost တွေတင်သည်။ ကိုယ့်ကိုကိုယ် သတ်သေချင်သည်အထိ ရေးလာသည်။ သူ chat box ကတဆင့်ဝင်မေးရင်းနှင့် ကောင်မလေး ဘဝ နှင့် သူ့အကျပ်အတည်း အခက်အခဲတွေ သိလာသည်။
ကောင်မလေးမှ အမေ မရှိ ။အဖေနှင့် နေသည်။ အဖေက နောက်အိမ်ထောင်။ မိထွေးနှင့်မတည့်။ ဆယ်တန်းတောင် အောင်အောင်မထား ပညာမတတ်တော့ အလုပ်မှာလည်း အဆင်မပြေ။ သူများ သုံးသလို သုံးချင်တော့ အကြွေးက ပတ်လည်ဝိုင်း။
