Bewitched - 1

94 19 9
                                    

She/Her

နေ့စဉ်နေ့တိုင်း အသွားအပြန်လုပ်နေရတဲ့ အိမ်အပြန်လမ်းဟာ ဒီနေ့မှပဲ အိမ်ကိုအမြန်မရောက်နိုင်ပဲ ရှည်လျားဝေးလံနေသလို ခံစားရသည်။ လမ်းတဝက်အရောက်မှာ မိုးဖွဲဖွဲကျဆင်းလာတာကြောင့်လည်း စိတ်အနှောက်အယှက်ဖြစ်သွားရပြန်၏။

မိုးကာအင်္ကျီမပါခဲ့သလို Laptopနဲ့ စာအုပ်တွေ ရေစိုမှာလည်း စိုးရိမ်မိတာကြောင့် ဆိုင်ကယ်သာအမြန်မောင်းလာခဲ့ပြီး မိုးကျနေတဲ့ကြားက စိတ်ထဲကလည်း မိုးမရွာပါနဲ့ဦး ဆုတောင်းနေမိသည်။

အိမ်ရှေ့အရောက်မှာတော့ အိမ်တံခါးပိတ်ထားတာနဲ့ ကြုံရသည်။ ဟွန်းတီးလိုက်ပေမယ့် အိမ်ထဲကတယောက်မှ ထွက်မလာပါ။ ရံဖန်ရံခါမှာ မေမေ ဒါမှမဟုတ် မောင်လေးဖြစ်သူက အိမ်ရှေ့သစ်ပင်ရိပ်က ခုံတန်းလျားမှာထိုင်ရင်း တံခါးဖွင့်ပေးဖို့စောင့်ကြိုနေတက်သည်။

ကိုယ်တိုင်ပဲ တံခါးဖွင့်၊ တံခါးပြန်ပိတ်ပြီး ဆိုင်ကယ်လည်း နေရာတကျရပ်ရသည်။ အိမ်အပြင်မှာ မိုးကလည်း တဖွဲဖွဲကျဆင်းရာကနေ တဖြည်းဖြည်းသည်းထန်လာလေပြီ။

ကိုးလို့ကန့်လန့်ရပ်ထားတဲ့ အစ်ကိုဖြစ်သူရဲ့ဆိုင်ကယ်ကြောင့် သူမရဲ့စိတ်အာရုံမှာလည်း မိုးကြိုးမုန်တိုင်းထန်လေပြီ။ အမြဲတမ်းတွေ့ရာနေရာမှာ ဖြစ်သလိုဆိုင်ကယ်တက်တဲ့အကျင့်ကို ဘယ်လိုပြောလို့မှပဲ ပြောစကားနားမထောင်တက်ပါ။

သူမတို့အိမ်က သုံးထပ်တိုက်အိမ်ဖြစ်ပြီး ခြံအပြည့်ဝန်းအပြည့်ဆောက်လုပ်ထားတာကြောင့် အောက်ထပ်မှာပဲ ကား၊ ဆိုင်ကယ်ထားလို့ရသည်။ မေမေ့မှာလည်း စည်းကမ်းတကျနဲ့ဆိုင်ကယ်ထားဖို့ သွန်သင်ဆုံးမရတာ မောတာသာ အဖတ်တင်ပါသည်။

BewitchedWhere stories live. Discover now