Bewitched - 2

46 12 3
                                    

She/Her

သူမဟာ မနက်ကျောင်းသွား၊ အလုပ်သွားဖို့အတွက် မေမေက အိပ်ရာလာနှိုးရမည့် အရွယ်မဟုတ်တော့ပါ။ မနက်ခြောက်နာရီမှာ အိပ်ရာထဖို့ Alarmပေးထားသည်။ ရေချိုးသန့်စင်ပြီးတာနဲ့ မနက်စာပင်မစားနိုင်ဘဲ မနက်ပိုင်းစာသင်ချိန်အမှီပြေးရလေသည်။

ဒီနေ့တော့ ထူးထူးခြားခြားပဲ မေမေက မနက်စာစားသွားဖို့ပြောလာသည်။ မနက်စာအဖြစ် ကောက်ညင်းပေါင်းနဲ့အကြော်လည်း အဆင်သင့်ဝယ်ထားတာမို့ သူမမှာ တအံတဩဖြစ်ရသေးသည်။

မနက်စောစောစီးစီး ကိုယ့်အမေအတင်းကိုယ် ပြောတာမဟုတ်ပါ။ သူမရဲ့မိခင်ဟာ ထမင်းဟင်းချက်တာနဲ့ပတ်သတ်ပြီး ပါရမီနည်းရှာသည်။ ပြောရင်လည်း စိတ်ဆိုးခံရမည့်အပြင်၊ ကိုယ်တိုင်လည်း ထမင်းဟင်းချက်ဖို့ အချိန်မပေးနိုင်တာမို့ ဒီကိစ္စကို စကားမဖော်ရဲတာကြာပါပြီ။

နေ့တိုင်း အပြင်က ဝယ်စားတာမျိုးလည်း မလုပ်ချင်တာမို့ အလကားနေ ပြောလိုက်ကာမှ အတော်အသင့်ကောင်းနေတဲ့ ထမင်းဟင်းပင် နပ်မှန်မှာမဟုတ်တော့ပါ။ ပြီးတော့ ကိုယ့်အမေကိုယ်ဆိုတော့လည်း ဒီအတိုင်းသာငြိမ်နေရလေသည်။

" ကော်ဖီသောက်မလား လက်ဖက်ရည်သောက်မလား... "

" တော်ပြီ မေမေ... "

ကော်ဖီမှုန့်အထုပ်တွေ မသောက်ဖြစ်တာ တော်တော်ကြာနေလေပြီ။ မေမေ မေးတာကလည်း အသင့်ဖျော်အထုပ်တွေဖို့ ငြင်းလိုက်သည်။

" အော်.. ထက်ပိုင်ဦးရဲ့အမေကို မနေ့က မယုတ်မလွန်အကြောင်းပြန်လိုက်တယ်... "

စားလက်စပင် လည်ချောင်းမှာ နင်သွားသည်။ မနက်အစောကတည်းက ဘာလို့ဒီစကားတွေ လာပြောနေရတာလဲ၊ ဘာလို့မေမေက တက်ကြွနေသလို ခံစားနေရသလဲ နားမလည်တော့ပါ။

BewitchedWhere stories live. Discover now