Bewitched - 3

67 19 13
                                    

နေ့လည်နှစ်နာရီမှာ တွေ့ဖို့ပြောတဲ့သူကို အနည်းငယ်စိတ်တိုမိသည်။ သူသာ သိတက်ခဲ့ရင် ဒီလိုနေပူကျဲတဲကြီးထဲ လာခိုင်းစရာအကြောင်းမရှိ။ တမနက်ခင်းလုံးလည်း ချီတုံချတုံနဲ့ သွားရကောင်း မသွားရကောင်း တွေဝေနေမိသည်။

သူ့အခန်းဆိုတဲ့နေရာက တိုက်ခန်းတခန်းဖြစ်ပြီး ဒုတိယထပ်မှာ တည်ရှိသည်။ ဟိုအရင်တုန်းကတော့ နေပူမှန်းမသိ၊ မိုးရွာမှန်းမသိနဲ့ ခေါက်တုံ့ခေါက်ပြန်သွားလာခဲ့ဘူးပါသည်။

Master's တက်နေတဲ့အချိန်တုန်းက စိတ်ဖိစီးရလွန်းလ်ို့ ကျောင်းသွားရမယ့်အချိန်တွေအစား သူ့အခန်းမှာပဲ နေချင်ခဲ့သည်။ ပြန်တွေးမိတော့ နာကျင်ရလေသည်။

ဖြည်းဖြည်းနှေးနှေးနဲ့သာ ဆိုင်ကယ်မောင်းနေမိပြီးဆယ့်ငါးမိနစ်သာ ကြာမြင့်တဲ့ ခရီးလမ်းက နာရီဝက်မကကြာမြင့်နေပြီဖြစ်သည်။ တပြလောက်အကွာအဝေးကနေ မြင်နေရတဲ့မီးပွိုင့်က မီးစိမ်းနေသည်။ မှီအောင်အမြန်မောင်းလိုက်ပေမယ့် သူမဖြတ်ကူးမယ်အလုပ်မှာ မီးနီသွားလေပြီ။

မီးပွိုင့်စောင့်နေရင်း နာရီကြည့်လိုက်တော့ နေ့လည်နှစ်နာရီထိုးဖို့ ဆယ်မိနစ်မျှသာ လိုတော့သည်။ အော်... ဒီလိုမျိုး နေပူခံ၊ အပင်ပန်းခံပြီး ထက်ပိုင်ဦးကို တွေ့ဖို့သွားရတာပါလား တွေးမိတော့ တော်တော်လေး စိတ်ဓာတ်ကျသွားသည်။

အရင်လို စိမ်းစိုလန်းဆန်းပြီး မြင်လိုက်ရတာနဲ့ ရင်အေးစေတဲ့ မြစ်ချောင်းအင်းအိုင်လေးနဲ့တူတဲ့ ကောင်လေးမဟုတ်တော့ပဲ ဘယ်အချိန်ထပေါက်ကွဲမလဲမသိတဲ့ မီးတောင်နဲ့တူတဲ့ အမျိုးသားဖြစ်နေပြီလေ။

" ဒီမီးပွိုင့်ကလည်း သေအောင်ကြာတာပဲ! "

ဘေးနားက ဆိုင်ကယ်နဲ့ ကောင်လေးတယောက်က လည်း သူမကို ထောက်ခံလာသည်။ ချေမိုးနေစရာအကြောင်းလည်းမရှိသလို၊ ဖော်ရွေစွာစကားပြန်ပြောနေစရာအကြောင်းလည်း မရှိတာကြောင့် ဟိုဟိုသည်သည် ဘေးဘီဝဲယာကိုသာ ကြည့်လိုက်သည်။

BewitchedWhere stories live. Discover now