Bewitched - 4

71 16 10
                                    

" ဖုန်းလာနေတာ ကိုင်လိုက်ကြဦးလေ! "

တနင်္ဂနွေနေ့လေးမှာ မနက်အစောအထဲက ဆူညံနေသည်။ မိသားစုအားလုံး ထမင်းစားခန်းထဲမှာ မနက်စာစားနေကြပြီး မေမေကတော့ ထိုင်ကိုယ်တော်ဘုန်းကြီးကြွလာတာကြောင့် ဆွမ်းဟင်းခွက်ထဲ ဟင်းထည့်နေ၏။

ကြောင်အိမ်အပေါ်ထပ်မှာ တင်ထားတဲ့ မေမေ့ဖုန်းက အသံမြည်နေတာ နှစ်ခါရှိနေပြီ။ တဦးတယောက်ကမှ အရေးတယူမလုပ်ဘဲ စားမြဲစားနေတာမို့ ဘုန်းကြီးပြန်ကြွသွားတာနဲ့ မေမေတယောက် တအိမ်လုံးကို အော်လေပြီ။

" ဖုန်းလာနေတာ ဖုန်းမကိုင်ကြဘူး.. အရေးအကြောင်းဆို ဘယ်လိုလုပ်မလဲ! "

" အရေးကြီးတဲ့သူက မကိုင်မချင်းခေါ်ပေါ့ မေမေရာ... "

" ငါပြောလိုက်ရမကောင်းရှိတော့မယ်.. ထက်ပိုင်ဦးတဲ့... "

သူမမှာ ခေါက်ဆွဲသုပ်စားငုံ့စားနေတုန်း မေမေ့ဆီကနေ ခွပ်ခနဲခေါင်းအခေါက်ခံလိုက်ရသည်။ ထက်ပိုင်ဦးက မနက်စောစောစီးစီး မေမေ့ကို ဖုန်းဆက်စရာဘာအကြောင်းရှိလို့လဲ။

" အေး.. သား... "

" ဟာ ဘာလို့ကိုင်လိုက်တာလဲ.. သမီးပြောမယ်... "

တလုပ်စာကျန်နေသေးတဲ့ ခေါက်ဆွဲကို အမြန်ပါးစပ်ထဲထည့်လိုက်ပြီး မေမေ့လက်ထဲကဖုန်းကိုယူကာအပေါ်ထပ်ပြေးတက်ခဲ့လိုက်သည်။ လှေကားတက်နေရင်းမှ တယောက်တည်း ချော်လဲကာ ဒူးနှစ်ထောက်ကျတော့သည်။

မေမေနဲ့က ယောက်ျားလေးသူငယ်ချင်းတွေအကြောင်း ပြောလေ့ပြောထမရှိ။ အခုလိုသူ့လုပ်ရပ်ကြောင့် အနည်းငယ်မျက်နှာပူရပါသည်။

" ဘာလဲ.. ဘာလို့ မေမေ့ဆီဖုန်းခေါ်တာလဲ... "

" မင်းဖုန်းခေါ်မရလို့.. ငါ့ကို blockထားတယ်ထင်လို့ တအိမ်လုံးက ဖုန်းအကုန်လုံးနဲ့ ခေါ်ကြည့်ပြီးပြီ.. မနေ့က ပြန်ရောက်ရင်ဖုန်းဆက်ဖို့ပြောတာလဲ ဖုန်းမဆက်ဘူး... "

BewitchedWhere stories live. Discover now