Bewitched - 7

58 17 3
                                    

She/Her

တီချယ့်ကို နောက်နှစ်ထဲမှာ လက်ထပ်ဖို့စီစဉ်နေကြောင်း အသိပေးလိုက်သည်။ ဝမ်းသာစွာနဲ့ Congratulations! အပြောခံရတဲ့အတွက် ကျေနပ်မိပါသည်။

" ထက်ပိုင်ဦးနဲ့ပဲမလား... "

" တီချယ်ကလည်း.. သူပဲရှိတာပါ... "

" အေး ဝမ်းသာတယ်.. အဲ့ကောင်ကို စိမ်းကားမနေနဲ့ ကော်ဖီလေးဘာလေး လာတိုက်ဦးလို့.. ငါကပြောနေတယ်ပြောလိုက်ဦး... "

" ဟုတ်... "

ထက်ပိုင်ဦးတယောက် အသက်ရှည်ဦးမည်။ တီချယ်နဲ့စကားပြောနေတုန်းမှာပဲ သူ့ဆီက ဖုန်းဝင်လာ၏။ မနက်ကတည်းက နေ့လယ်အတန်းပြီးတာနဲ့ အခန်းပြင်ဆင်ဖို့အတွက် တိုင်ပင်ဖို့ သူ့အိမ်ကိုသွားမယ့်အကြောင်း ပြောထားသည်။

တီချယ့်ကို ခွင့်တောင်းပြီး ဖုန်းကိုင်လိုက်တော့ ထင်တဲ့အတိုင်းပဲ သူရောက်တော့မယ်အကြောင်း ဖုန်းကြိုဆက်လာတာဖြစ်သည်။

" လာပြီလား... "

" ဟုတ် တီချယ်.. ပြန်တော့မယ်နော်... "

" အေး ထက်ပိုင်ဦးကို စားသောက်ဆိုင်ကြိုတင်ဘိုကင်ထားမယ်ပြောလိုက်... "

" ဟုတ်ကဲ့... "

တီချယ်က သူမတို့နှစ်ယောက်လုံးအတွက် စာသင်ပေးတဲ့ဆရာမဆိုတာထက် ဘဝနေနည်းကို သင်ပြပေးတဲ့သူလို့ ပြောလို့ရသည်။ လမ်းညွှန်ပြသပေးတဲ့ ဆရာကောင်းရှိတာကလည်း မကြိုးစားပဲရတဲ့ ဆုလာဘ်တခုပါပင်။

ကျောင်းရှေ့ကိုရောက်တော့ လမ်းတဖက်ခြမ်းမှာ ရောက်နှင့်နေပြီဖြစ်တဲ့ သူ့ကားကိုတွေ့ရသည်။ ကားလမ်းကူးဖို့ကလည်း ရှုပ်ယှက်ခတ်နေ၏။ သူက ကားလမ်းမကူးပဲရပ်နေဖို့ ခြေဟန်လက်ဟန်နဲ့ ပြောလာပြီး လမ်းရှင်းတာနဲ့ သူမဆီ အပြေးရောက်လာသည်။

BewitchedWhere stories live. Discover now