part 3

19 2 3
                                    


ဒီနေ့ မနက်ပိုင်းနေထွက်ချိန်ကနေစပြီး စံအိမ်တော်က အလုပ်သမားများအံဩနေကြသည်။
အကြောင်းကား သူတို့သခင်လေးမိုင်းထက်စံဟာ မနက်မိုးလင်းလာတာနဲ့ တစ်ခုမဟုတ်တစ်ခုပြဿာနာရှာတက်သည်။
ဒါမယ့်ဒီနေ့သခင်လေးဟာငြိမ်နေသည် ငြိမ်နေတာက သီးချင်းညည်းပြီးငြိမ်နေတာ အံသြဖို့ကောင်းတာက သခင်လေးက ထမင်းစားပွဲမာကိုထိုင်ပြီးအစာ စားနေသည်။
သခင်လေးကဘယ်တော့မှ ထမင်းစားပွဲထဲမာထမင်းလာမစားဘူး ဒါမယ့်ဒီနေ့ထူးဆန်းစွာလာစားနေသည်။
ထိုကြောင့်အလုပ်သမားများအံဩနေကြသည် အဲထဲကသခင်ကြီးကပိုအံဩနေရသည်။
သူ့သားကသူ့နဲ့အတူထမင်းစားပွဲမာ လာစားနေသည်တဲ့။
အဲဒီထဲမာ လဲမိုင်းထက်စံကိုဒေါသထွက်နေကြတဲ့နစ်ယောက်ရှိသည် သူတို့က မိထွေးဖြစ်သူအိမ်နန္ဒ နဲသူ့သားဖြစ်သူ ပြည့်ဇမ်ဒ။
မိုင်းလဲသူတို့ဖြစ်ပျက်နေတဲ့ပုံကိုကြည့်ကာ နှုတ်ခမ်းတွေ‌အနည်းငယ်ကော့တက်သွားသည်။
စားနေစဉ်တစ်လျှောက်လုံးတိတ်ဆိတ်စွား အစာစားကြသည်။
မိုင်းလဲစားလိုလဲပြီးရောထိုင်ခုံကနေထကာ

"ကျွန်တော်စားလိုပြီးပြီး ဦးမြကားပြင်ထားကျွန်တော်ကျောင်းသွားမယ်"

"ဟုတ်သခင်လေး"

"အယ်သွားတော့မာလာသားငယ်"

မိထွေးဖြစ်တဲ့အိမ်နန္ဒကနူးညံတဲ့‌လေသံနဲ့ပြောလာသည်။
မိုင်းက သူကိုသားငယ်လိုခေါ်လာတဲ့သူကို

"ခင်ဗျာပါးစပ်ကနေကျွန်တော်ကိုသားငယ်လို့လာမခေါ်နဲ့ကျွန်တော်ရွံတယ်"

"မိုင်းထက်စံ...နင်"

"ယောက်ကျား"

မိုင်း သူ့ရှေ့မာလာပြီး dramaရှို့‌တွေကလာပြနေသည်။
မိုင်းကတော့ သူတို့‌ကိုကျော်ပြီး ဦးမြဖွင့်ပေးတဲ့ကားတံခါးထဲကိုဝင်ကာတစ်ခါထဲ ကျောင်းကိုသွားလိုက်သည်။
မိုင်းသိတယ်အခုအိမ်မာ သူကိုမကောင်းကြောင်းပြောနေတော့မယ်ဆိုတာ ဒါမဲ့သူဂရုမစိုက် စိတ်လဲမပါ အမေသေပြီးကတည်းကမိုင်းသူတို့ကို အပြင်လူလို့သတ်မှတ်ထားပြီးတာ ။သွားနေတဲ့တစ်လျှောက်လုံး မိုင်းအကြောင်းမဲ့စွာကားအပြင်က ငှက်ပျံ နေတာကိုငေးကြည့်နေမိသည်။
သူငှက်တွေလိုတစ်ခါတစ်လေဖြစ်ချင်မိသည်ကောင်းကင်ပေါ်အပူအပင်ကင်းမဲ့ပြီးလွတ်လပ်စွာပျံ့သန့်နေတဲ့ငှက် တွေဖြစ်ချင်မိသည်။
မိုင်းသူ့ကိုယ်သူ‌ တွေးပြီးပြန်ရယ်နေမိသည်။

My oxygen Where stories live. Discover now