part 4

22 2 1
                                    


မိုးဟာသဲကြီးမဲကြီးရွာချနေပြီး မိုးရေထဲမာ ၁၁နစ်အရွယ်ကောင်လေးတစ်ယောက်ဟာ နာကျင်စွာဦးတည်ရာမဲ့တဲ့နေရာကိုပြေးနေတော့သည်။
မိုင်းအရမ်းနာကျင်သလို့အဖေကိုလဲမုန်းတယ် ဒီနေ့သူ့အမေကသူကိုတစ်သက်လုံးထားသွားခဲ့ပြီး အဖေကလဲသူကိုထားသွားပြီး နောက်မိန်းမနဲ့ကလေးကို‌အိမ်ခေါ်လာတယ်။
အဖေကသူ့နောက်မိန်းမနဲသားအတွက် သူ့နဲ့ရန်တောင်ဖြစ်လိုက်သေးတယ်မိုင်းမခံနိုင်လောက်ဖြစ်ပြီးအိမ်ကနေထွက်လာလိုက်သည်။
ခုတော့ မိုးရေထဲမာသွားမဲနေရာမဲ့နေသည်။
သူ့ဘယ်နေရာရောက်နေတာကိုလဲကိုမသိတော့ သူ့အရှေ့ကိုသာကြည့်ပြီးမိုးရေထဲပြေးနေတော့
သည်။
ခနကြာတော့မိုင်းပြေးတာရပ်လိုက်ပြီးမြေပြင်ပေါ်မာထိုင်ချပြီးစိတ်‌တွေတင်းကျပ်တာ‌တွေကိုလွတ်ချလိုက်ပြီးငိုတော့သည်။
မိုင်းရဲငိုသံဟာ ဘာ်သူမှမကြားနိုင် အောင်မိုးတွေကဖုံးအုပ်လိုက်ပြီး မိုင်းဟာအထိးကျန်စွာမိုးရေထဲငိုကြွေးနေခဲ့သည်။
အဲဒီချိန်

"အဆင်ပြေရဲ့လာဗျာ့"

သူ့ကိုအဆင်ပြေရဲ့လာလို့မေးပြီး မိုးမစိုစေအောင်ထီးနဲ့ သူ့အပေါ်ကိုအုပ်မိုးပေးလိုက်သည့်မိုးကာအင်ကျီဝတ်ထားတဲ့ ဖြူဖြူလုံးလုံးလေးပါးဖောင်းဖောင်းနဲ့ချစ်စရာကောင်းတဲ့ကလေး။
မိုင်းခနတာသူကိုငေးကြည့်မိသွားသည်။
ပြီးမှ

"နင်ကဘယ်သူလဲ ပြီးတော့ငါကိုတစ်ယောက်ထဲလွတ်ထားပေး"

"မလွတ်ထားဘူး ခနထဲကကိုကိုကို့မြင်နေတာကိုကိုကဝမ်းနည်းနေတယ်မလာ ဖေဖေပြောဖူးတယ်ဝမ်းနည်းနေတဲ့တစ်ယောက်က တစ်ယောက်ထဲကျိတ်မခံစားရဘူးတဲ့ ဘေးကအဖော်တွေနဲ့မျှဝေရတယ်တဲ့"

မိုင်း ချစ်စရာကလေးစီကနေကဆုံးမစကားနားထောင်လိုက်ရသည်။
မိုင်းလဲကလေးပြောသလိူ့ သူဘေးမာသူ့ကိုခံစားချက်မျှဝေပေးမယ်သူရှိရင်ကောင်းမာလို့တွေးမိတယ်။

"ဒါမဲ့ငါနင်နဲ့မှမသိတာ"

"ခုသိပြီးလေ ထသား နဲ့တစ်နေရာလိုက်ခဲ့ပေး"

မိုင်းသူ့လက်ကိုကိုင်ပြီးသူကို့ တစ်‌နေရာ‌ခေါ်သွားဖို့လုပ်‌နေတဲ့ထိုကလေးလေးနောက်ကိုကြောင်တောင်တောင်နှင့်ပါသွားလိုက်ရတယ်။

My oxygen Where stories live. Discover now