Part 33

539 95 0
                                    


အပိုင်း(၃၃)

လက်ရှိအိမ်တော်ထိန်းအိုကြီး၏ ပုံစံက သူတို့စံအိမ်တွင် ပထမဦးဆုံးအကြိမ် ဝင်ရောက်ခဲ့ချိန်က ရိုက်ကူးရေးအဖွဲ့ကို ကြိုဆိုခဲ့သည့် လက်ရွေးစင်အဆင့် အိမ်‌တော်ထိန်းအိုကြီးနှင့် အလွန်တစ်ရာ ခြားနားနေပြီး အတော်လေး ပျက်ယွင်း နေသည်။

သူသည် အသား ကြမ်းတမ်းလောက်မည့် အဝတ်များကို အထပ်ထပ် ဝတ်ထားသည်။ ထိုအဝတ်များက သံကြေးရောင် ပေါက်သည်အထိ အရောင်ရင့်နေသော သွေးအစွန်း ထင်းရာများနှင့် ခြောက်ကပ်နေသည်။ သူ၏အင်္ကျီမှ အတွန့်များအရ လူသားဖြင့် ချူပ်ထားကြောင်း သိသာစေသည်။

ယန်ရှစ်ရွှမ်းသည် အိမ်တော်ထိန်အိုကြီးကို မီးဖိုချောင်အတွင်း စတင်မြင်ခဲ့သည်မှ စတင်ပြီး ထိုမျက်နှာနဲ့ ပတ်သတ်ပြီး တစ်စုံတစ်ရာဟာ မှားယွင်းနေကြောင်း အလိုလို ခံစားမိနေခဲ့သည်။ မသိလျှင် လူအရေခွံတစ်ခုကို ကိုက်ညီသော ပုံစံမျိုးပေါ်အောင် အတင်း ကပ်ချုပ်ထားသော်လည်း ကိုးရိုကားယားနိုင်နေသည့် ပုံစံမျိုးဖြင့်သာ ရှိသည့် ချုပ်ရိုးချုပ်သားလို ခံစားချက်မျိုးက အလွန်ပြင်းထန်ခဲ့၏။

သို့ရာတွင် မှတ်ဉာဏ်လောကအတွင်းတွင် လွန်ခဲ့သော နှစ်တစ်ရာကျော်ခန့်က ဖြစ်ခဲ့သည့် မျက်နှာကို မြင်တွေ့ခဲ့ပြီး အခုမျက်နှာကို ပြန်မြင်သောအခါ ယန်ရှစ်ရွှမ်းက မနေနိုင်ပဲ မျက်မှောင် ကြုတ်မိသွားသည်။ လွန်ခဲ့တဲ့ နှစ်တစ်ရာက ရန်ငြိုးကြီး ဝိဉာဉ်ဖြစ်လာခါစ ချီရွှမ်းက ဓားမြတိုင်းကို အရှင်လတ်လတ် အရေခွံစုတ်ခဲ့တယ်။ ဒါကြောင့် စံအိမ်နဲ့တောင်တန်းထဲမှာ သွေးနီရောင် မကောင်းဆိုးဝါးတွေအများကြီး ပေါ်နေတာပေါ့။ ဒါကိုဘာလို့ ဓားမြခေါင်းဆောင်ကျိုးရှီလိုမျိုး ပထမဦးဆုံး အရေခွံစုတ်ခံရတဲ့သူက လူအရေခွံ ထပ်ထားသေးတာလဲ။

အိမ်တော်ထိန်အိုကြီးကျိုးရှီက တံခါးဝတွင် ရပ်နေခဲ့စဉ်က သူ၏တောင့်တင်းပြီး အနည်းငယ် ပုံစံမကျသလို ဖြစ်နေသော မျက်နှာတွင် သက်ရှိလူတစ်ယောက် မပိုင်ဆိုင်သင့်သည့် မဲသလိုလို ပြာသလိုလို အရောင်ဆင်းများ ရှိနေသည်။ သူသည် အထဲသို့ ဝင်လာခြင်းမရှိပဲ တံခါးဘောင်ကို မှီထားလျက် အနည်းငယ် အရောင် ထိုင်းမိုင်းပြီး အင်အော်ဂန်းနစ် ဖန်လုံးများကဲ့သို့သော မျက်စံမျိုးနှင့် ယန်ရှစ်ရွှမ်းအပေါ် မုန်းတီးမှု အပြည့်နှင့် ကြည့်ခဲ့သည်။

ဖုန်းသုအကြီးအကဲရဲ့ သေမျိုးအပနှင်ဆရာလေးWhere stories live. Discover now