Part 37

184 40 0
                                    


အပိုင်း(၃၇)

အနာဂတ် ပြဿနာများကို ကြောက်လန့် သောကြောင့် ဒဏ်ရာ ရရှိထားသော သူများက တောင်အောက်ကို မဆင်းနိုင်သော အချက်ကို ထည့်တွက်ပြီး ကယ်ဆယ်ရေး အသင်းများက ဒဏ်ရာများကို ကုသရန် လိုအပ်သည့် ရိုက်ကူးရေး အဖွဲ့သားများကို သူတို့နှင့်အတူ ခေါ်ပြီး အဆင့်မြင့် အပန်းဖြေစံအိမ်ဟော်တယ်သို့ ခေါ်ဆောင် သွားလိုက်သည်။

ဖုန်းခေါ်လာခဲ့သည့် ထိတ်လန့်နေသော ပိုင်ရှင်က အလွန်ကြောက်လန့် သွားပုံပေါ်ပြီး စံအိမ်ထဲတွင် ဆက်မနေ ရဲတော့ချေ။ သူက စံအိမ်ဝင်ပေါက်နားတွင်ပင် ရှေ့လျှောက်လိုက်၊ နောက်လျှောက်လိုက် လုပ်နေခဲ့ပြီး အလွန်အမင်း ပူပန်သောက ရောက်လျက် ခြောက်ခြားနေပုံ ပေါ်သည်။

သက်လတ်ပိုင်းလူက အဝေးမှ လှမ်းကြည့် ကတည်းက ချဉ်းကပ်လာသည့် အဖွဲ့ကို သိလိုက်သည်။ ထိုအဖွဲ့လူများက အနားသို့ မရောက်သွားသေးခင် သူ၏မျက်လုံးက တောက်ပသွားပြီး ချက်ချင်းလိုလို အပြေးသွားသည်။

"လူကြီးမင်းယန် လူကြီးမင်းယန် လူကြီးမင်းယန်လည်း လာတာလား။ ဝမ်းသာစရာ ကောင်းလိုက်တာ။ လူကြီးမင်းယန် ဒီမှာရှိနေရင် ငါ တအားကို စိတ်အခြေအနေ ကောင်းသွားပြီ"

ကယ်ဆယ်‌‌ရေး အသင်းခေါင်းဆောင်က သက်လတ်ပိုင်းအရွယ် လူနှင့် လက်ဆွဲ နူတ်ဆက်ပြီး ကောင်းကောင်း စကား မပြောနိုင်သေးခင် စံအိမ်ပိုင်ရှင်က သူ့ကို ခပ်မြန်မြန် ကျော်ဖြတ်လျက် နောက်ဘက်မှ ခပ်အေးအေး လျှောက်လာသော ယန်ရှစ်ရွှမ်းထံ ချဉ်းကပ်သွားကြောင်း တွေ့လိုက်သည်။

"ရသစုံရှိုးအဖွဲ့က ငါ့ရဲ့ဟော်တယ်မှာ ဘိုကင် ယူသွားသလားလို့ ငါ့ကို တစ်ယောက်ယောက် လာမေးသွားကတည်းက ငါ ဒီရှိုး အွန်လိုင်းပေါ်မှာ တိုက်ရိုက် ထုတ်လွှင့်သွားခဲ့တဲ့ ရီကောတင်းတိုင်းကို ပြန်ကြည့် ပြီးသွားပြီ။ ဒါက ဘယ်လို ပရိုဂရမ်လဲလို့ ငါ အရမ်းသိချင်ခဲ့တာကိုတောင် မမျှော်လင့်ထားပဲ တိုက်ရို က်ထုတ်လွှင့်မှုအခန်းထဲက အဲဒီစံအိမ်က ငါ့ရဲ့ဒီအပန်းဖြေဟော်တယ်နဲ့ တအားတူတာကို တွေ့လိုက်ရတယ်။ အဲဒီ စံအိမ်က ဘယ်လိုပဲကြည့်ကြည့် အရမ်းတူလွန်းတယ်"

ဖုန်းသုအကြီးအကဲရဲ့ သေမျိုးအပနှင်ဆရာလေးWhere stories live. Discover now