Chapter 153

878 103 0
                                    


ကုကော်အန်း ညက ကုမျန်ကို ပြောခဲ့သည့် စကားတွေက ဒီတိုင်းပေါ့ပေါ့ပါးပါးပြောလိုက်သည့် စကားများမဟုတ်ပါချေ။ နောက်နေ့တွင် သူသည် ညစာစားပွဲကို ပယ်ဖျက်လိုက်ပြီး သူ့သမီး၏ချစ်သူအတွက် အချိန်ပေးခဲ့လေသည်။

ပြင်ပလူများ မနှောင့်ယှက်နိုင်စေရန်အတွက် ကုကော်အန်းက သူတို့ကို သူ့အိမ်တွင်သာ စားရန် အထူးတလည်တောင်းဆိုခဲ့၏။

ကုကော်အန်းသည် ဤတွေ့ဆုံမှုကို အလွန်အလေးထားသည်။ အိမ်အကူ၏တာဝန်မှာလည်း အလွန်လေးလံလှပြီး နံနက်စောစောတွင် ပါဝင်ပစ္စည်းများဝယ်ရန် အပြင်ထွက်သွားခဲ့သည်။

ပါဝင်ပစ္စည်းများကို ပြင်ဆင်ပြီးနောက် စားဖိုမှူးသည် မီးဖိုချောင်တွင် တစ်နေ့လည်လုံး အလုပ်ရှုပ်နေခဲ့၏။ အိမ်အကူသည် အချိန်မဖြုန်းဘဲ အိမ်ကို ထပ်မံသန့်ရှင်းရေးလုပ်လိုက်ပြီး ကြမ်းပြင်ကပင် တောက်ပြောင်နေခဲ့လေသည်။

ပန်းအိုးထဲက ပန်းတွေက လတ်ဆတ်နေသော်လည်း ညနေအလည်လာမည့် ဧည့်သည်အတွက် တောက်ပသည့်ပန်းတွေနှင့် အစားထိုးရန် အိမ်အကူသည် အလုပ်များနေခဲ့သည်။

အိမ်အကူများနှင့် စားဖိုမှူးတွေ အလုပ်ရှုပ်နေချိန် ကုမျန်က မြေခွေးလေးကို ပွေ့ချီထားပြီး ဆိုဖာပေါ်လှဲလျောင်း၍ တီဗီကြည့်နေသည်။

သူတို့၏အလုပ်များနေသည့် ပုံရိပ်များကို ကြည့်ပြီး တစ်နေ့ လော့ချယ်နှင့်သူမ လမ်းခွဲခဲ့မည်ဆိုလျှင် အိမ်ရှိ အိမ်အကူများနှင့် စားဖိုမှူးအတွက် အနည်းငယ် စိတ်မကောင်းဖြစ်မိလိမ့်မည်ဟု သူမထင်သည်။ သူတို့က သခင်ဖြစ်သူပေးသည့်တာ၀န်ကို လုံး၀ပြီးပြည့်စုံအောင် ထမ်းဆောင်ပေးပြီး လော့ချယ်အပေါ် ကောင်းမွန်သည့်အမြင် ကျန်ရစ်စေချင်ကြ၏။သို့သော် သူမနှင့်လော့ချယ်တို့ အနှေးနှင့်အမြန် လမ်းခွဲရဦးမည်က နှမြောစရာကောင်းလှသည်။

သူမသည် ဇာတ်ကြောင်း၏ ခြယ်လှယ်မှုကို မဖယ်ရှားနိုင်သေးပေ။ ဖြစ်တန်ရာသည်က လော့ချယ်နှင့် နောက်ဆုံးလမ်းခွဲရမည့် အဖြစ်အပျက်သည် ရှောင်လွှဲ၍ရမည်မဟုတ်ချေ။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now