အပိုင်း(5)

856 28 1
                                    

       သူ့ရှေ့မှာရှိနေတဲ့မင်းကြီးကအပြုံးအရီမရှိသလောက်ရှားပါးပေမဲ့ယခုနှစ်လိုဖွယ်ရာပြုံးလိုက်သည်တဲ့လား။အဲ့အပြုံးကလှပပြီးကျက်သရေရှိပေမဲ့ကြောက်မက်ဖွယ်ကောင်းလွန်းလို့ကျ က်သီးတစ်ဖြန်းဖြန်းထမိသည်။
       ရှောင်ကျန့်ကနန်းတော်ရဲ့အပြင်ကိုထွက်ချင်ပေမဲ့အစောင့်တွေကတင်းကြပ်လှပြန်။ထိုအချိန်နားထဲမှာမြင်းဟီသံကြားလိုက်သည်နှင့်ခပ်ဆိုးဆိုးအကြံတစ်ခုလက်ခနဲဝင်ကာမြင်းကိုလိုက်ရှာလိုက်သည်။
ရှာနေရင်းရှာနေရင်းနှင့်တွေ့လိုက်ရတဲ့အခါမှာတော့
ဝါးးးဆိုပြီးတောင်အာမေဋိတ်ပြုရသည်အထိလှလှတဲ့မြင်းညိုရောင်လေး။(အဲ့မြင်းကဒီကစာရေးဆရာချောပါရှင့်😝)
        မြင်းပေါ်ကိုတက်ခွလိုက်ပြီးနန်းတွင်းအဝတ်ဖားဖား ကြီးကိုခေါင်းထိခြုံကာနန်းတော်တံခါးအရှေ့သို့ထွက်လိုက်သည်။နန်းစောင့်ကလည်းဒီလိုလူမျိုးတွေကများလှသည်မို့ဘာသိဘာသာဖြင့်နန်းပြင်သို့ထွက်ခွင့်ပြုလိုက်သည်။တံခါးကြီးကဝေါဆိုပြီးထွက်ခွင့်ပေးလိုက်တဲ့အခါရှောင့်ကျန့်မှာပျော်လွန်းလို့ရူးတော့မလိုပင်။နောက်ဆုံးတော့သူဒီနန်းတော်၊ကျက်သရေတုန်းရဲ့လက်ကနေလွတ်မြောက်ရတော့မည်မဟုတ်ပေဘူးလား။
        ဝမ်ရိပေါ်ကကြင်ရာတော်ရှောင်းကိုသိပ်လွမ်းလှသည်မို့နန်းဆောင်ရှေ့မှာခေါက်တုံ့ခေါက်ပြန်။ကြင်ရာတော်ရှောင်းကိုစောက်ရှောက်ရတဲ့အထိန်းတော်တွေမှာလည်းပြာရာတွေပင်ခက်လှသည်။သူတို့အရှင်သာကြင်ရာတော်မရှိတာသိသွားရင်ဘယ်လိုလုပ်ရပါ့။
       ဝမ်ရိပေါ်ကဟူးးခနဲသက်ပြင်းသဲ့သဲ့ချကာရှောင်ကျန့်ရဲ့တံခါးကိုဆွဲဖွင့်လိုက်တော့အိပ်ရာနားမှာလည်းရှောင်ကျန့်ကိုမတွေ့။ပတ်ပတ်လည်ကိုအရူးလိုဟိုလှည့်ဒီလှည့်ကြည့်တာတောင်မတွေ့တာကြောင့်
"အခုချက်ချင်း..ငါကိုယ်တော်ကိုလျောက်တင်"
အရှင်ရဲ့အံကြိတ်သံစကားဆုံးသည်နှင့်အထိန်းတော်များမှာကြောက်ကြောက်လန့်လန့်ဖြင့်ဒူးထောက်ကာ
"နေ့လည်ကတည်းကရှာပေမဲ့..မတွေ့. မတွေ့"
အထိန်းတော်တစ်ယောက်ရဲ့စကားပင်မဆုံးသေး။အရှင်ရဲ့အမိန့်ကြောင့်လူများအားလုံးမှာအရုတ်ကြိုးပြတ်သလို။
"အကုန်သေဒဏ်ချမယ်"(ချောမြင်းလုပ်တော့ဘူးကြောက်တယ်...ဗြဲ)
        တစ်ဖက်ရှိကြင်ရာတော်ရှောင်းအလှလေးကတော့တောလမ်းကနေလေတစ်ချွန်ချွန်နဲ့ပျော်ပါးနေတာမို့နန်းဆောင်မှာသွေးချောင်းစီးတာကိုမသိရှာ။တောထဲမှာပျော်ပျော်ပါးပါးနဲ့မြင်းညိုကြီးကိုစီးရင်းအရူးတစ်ယောက်လိုမြင်းညိုကြီီးကိုစကားတွေပြောနေလေရဲ့။
"မင်းကိုဘယ်လိုလေးနံမည်ပေးရင်ကောင်းမလည်း..
အမ်..သိပြီသိပြီ..တိမ်လွှာပျံလို့ပေးမယ်"
"အမ်.မဟုတ်သေးပါဘူး..မင်းကပျံမှမပျံနိုင်တာ..တိမ်လွှာလို့ပေးမယ်"
ထိုအချိန်သူ့ရဲ့လက်နှစ်ဖက်ကိုပူးကပ်နေအောင်ချည်ထားတဲ့ကြိုးတစ်ချောင်းကြောင့်
"ဟမ်..ကြိုးကြီးကဘယ်လိုလုပ်"
"တော်တော်ပျော်နေတယ်ပေါ့..ရှောင်ကျန့်"
ဒီအသံကိုခွေးချည်သွားရင်တောင်မှတ်မိပါတယ်လူတွေရယ်။မျက်ရည်တစအီအီနဲ့ကျလာပြီး
"မှားမှန်းသိပါပြီ..အင့်ဟီးဟီး"
အပြစ်ပေးတဲ့ပုံစံကိုသိလို့မှားမှန်းသိကြောင်းပြောနေတဲ့ရှောင်ကျန့်ကိုလျစ်လျူရှုကာမြင်းဇတ်ကြိုးကိုဆွဲပြီးလျှောက်နေတဲ့ဝမ်အရှင်။သေချာပေါက်အပြစ်ကဘာလည်းဆိုတာမေးစရာမလိုအောင်ကိုဝမ်ရိပေါ်ကယုတ်မာတဲ့အပြုံးကြီးနဲ့မို့ပင်။
(အမွှေးတိုင်ကြိုထွန်းပေးပါ့မယ်ကျန့်ကောရေ..)
-----------------------------------------------------------လှိုင်းရတီသွင်#

ပိုင်ဆိုင်ခြင်းရဲ့အရသာWhere stories live. Discover now