ပိုင်ဆိုင်ခြင်းရဲ့အရသာအပိုင်း(9)
အရှင်ကသူ့ပေါ်ကိုအုပ်မိုးပြီးအတင်းနမ်းရှိုက်လာတာမို့ရှောင်ကျန့်အလန့်တကြားရုန်းမိသည်။
ရုန်းနေတာတောင်ဘယ်လိုမှတွန်းထုတ်လို့မရတာကြောင့်အားကုန်တွန်းတိုက်မိသည်။ရုတ်တရက်သူ့ရဲ့မျက်လုံးကဖွင့်သွားပြီးဒါကအိမ်မက်ဆိုတာသိလိုက်ရသည်။ထိန့်လန့်နေတဲ့ခန္ဒာကိုယ်ရဲ့တုန့်ပြန်ချက်ကြောင့်သူ့အပေါ်မှာရှိတဲ့စောင်ကိုခွာကာရေသောက်ဖို့ပြင်လိုက်သည်။
ထဖို့ပြင်လိုက်တဲ့အချိန်ဘာခံစားချက်မှမရှိတဲ့ခြေထောက်ကြောင့်ထိန့်လန့်သွားရပြန်။သူအပြင်ခိုးထွက်လို့အရှင်ကအခုလိုအပြစ်ပေးသည်တဲ့လား။ရန်တွေ့ဖို့လှည့်ကြည့်လိုက်ပေမဲ့အေးစက်နေတဲ့အိပ်ရာခင်းကြောင့်ခံပြင်းရသည်။တော်သေးသည်ကသူ့ခြေထောက်ကလေးကပုံမှန်အတိုင်းရှိနေလို့..။
ရှောင်ကျန့်ရဲ့အပြုအမူသေးသေးလေးအစဝမ်ရိပေါ်တစ်ယောက်ချောင်းကြည့်နေမိသည်။အပြစ်ပေးတဲ့အနေနဲ့အရိုးပျော့ဆေးကိုတိုက်လိုက်တာမို့တစ်လလောက်တော့လမ်းမလျောက်နိုင်ပေ။လှပလှတဲ့မျက်နှာလေးမှာဆူပုတ်နေတာမို့ဝမ်ရိပေါ်မှာလည်းစိတ်ညစ်ရပြန်။ချစ်ရသူစိတ်တော်ပြေစေရန်
"ကိုယ်..ကိုယ်နဲ့ထမင်းသွားစားရအောင်"
ထိုသို့ပြေညပြီးအမောင်ဝမ်ရိပေါ်တစ်ယောက်အရှေ့ကနေကော့ပတ်ကော့ပတ်နဲ့ထွက်ခွာသွားခဲ့သည်။လမ်းလျောက်လို့မရတဲ့ရှောင်ကျန့်မှာတော့ဘာလုပ်လို့လုပ်ကမှန်းမသိ။ဒီအရှင်က စားပြီးနားမလည်ဝါးပြီးထွေးထုတ်တဲ့ဘုရင်စုတ်..။
ထမင်းစားဆောင်မှာစောင့်နေတာကြာပေမဲ့ရှောင်းအလှလေးကအခုထိမလာသေးတာကြောင့်သူစိတ်တိုရသည်။ချက်ချင်းထပြီးဒေါနဲ့မောနဲ့သွားမဲ့အချိန်မှာရှောင်ကျန့်ကိုသူအပြစ်ပေးထါးတာဆိုတာမှတ်မိသွားသည်။စိတ်တော်ပြေစေချင်လို့ချော့ပါတယ်ဆိုမှယခုတော့အပြစ်ပြုမိသွားပြီ။ရှောင်းအလှလေးရေ..ကိုယ်လာပြီနော်။
ရှောင်းအလှလေးအမျက်တော်ပြေဖို့သူကအပီချော့ပြီးပွေ့ချီခေါ်လာခဲ့မည်ပေါ့။တစ်ပြုံးပြုံးနှင့်ရှောင်းအလှလေးဆီသွားတော့မျက်စောင်းကဒိုင်းခနဲပွစိပွသိနှင့်ရေရွတ်နေတာမို့သူ့မှာဘာပြောကမှန်းမသိ။တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေရတာမပင်ပန်း၊မခက်ခဲလှပေမဲ့ဒီအချစ်ဆင်နွဲပွဲမှာတော့ဒီအရှင်ဝမ်ရိပေါ်ကသိပ်ညံ့လှတယ်ရှောင်းအလှလေးရယ်။
သိပ်ချစ်ရတဲ့မျက်နှာနုနုလေးကိုတစ်ဝကြည့်ပြီးသူ့ရဲ့လက်နဲ့ရှောင်းအလှလေးကိုပွေ့ချီလိုက်သည်။သူ့ရဲ့လက်အသားမာတွေကြောင့်ရှောင်းအလှလေးကရှုံမဲ့နေတာမို့ဒီရင်တွေကွဲတော့မလိုဖြစ်နေတာရှောင်းအလှလေးမသိပါဘူး။
လူကိုမနေတက်အောင်ပြူးပြဲကြည့်ပြီးလက်ရဲဇက်ရဲနိုင်စွာပွေ့လိုက်တာမို့အလန့်တကြား။ညကသူရဲ့မက်မွန်းသီးတွေကိုကြိမ်းစက်အောင်ကိုက်ထားတဲ့အရှိန်ကြောင့်မဲ့ရှုံမိတော့ဝမ်အရှင်ကဒေါသထွက်နေသလို။ကြောက်လို့ပုံမှန်အတိုင်းပဲနေပေမဲ့ဝမ်အရှင်ကပိုလို့တောင်မေးကြောကြီးထင်းပြီးနှဖူးကြောတွေတောင်ထောင်နေပြီဖြစ်သည်။
စားဖိုဆောင်ကိုသွားနေရင်းအစေခံတစ်သိုက်က
သူတို့ဘက်ကိုနောက်ကျောပေးထါးပြီးကြမ်းတိုပ်နေသည်။ဝမ်အရှင်ကချောင်းဟန့်မည်ပြင်တုန်း
"ဟဲ့ဟဲ့..အရှင်ရဲ့ကြင်ရာတော်ကယောကျာ်းလေးတဲ့"
"ဟုတ်လားအေ...ငါတို့အချစ်ကိုသူကဘာတွေနဲ့များမြူဆွယ်ထားမှန်းမှမသိတာဟဲ့"
"စိတ်မပူနေနဲ့...ငါတို့အရှင်ကသူကိုလက်မထပ်သေးဘူးလေဟယ်..သူ့ဆေးကစွမ်းမှမစွမ်းတာ.."
"ဟားဟားးးးဟုတ်ပ:3)
ထိုအစေခံတွေရဲ့စကားလုံးတွေကြောင့်ရင်ခွင်ထဲမှာရှိတဲ့ရှောင်းအလှလေးကမျက်ရည်တွေနဲ့မို့ဝမ်အရှင်စိတ်တိုသွားခဲ့သည်။မင်းဆိုတဲ့ရှောင်ကျန့်ကဒီဝမ်ရိပေါ်ဆိုတဲ့ငါကြောင့်ပဲငိုရမည်ဖြစ်သလိုငါ့ကြောင့်ပဲရီမောခွင့်ရှိမယ်ရှောင်ကျန့်...။ယုတ်ညံ့တဲ့အရှေ့ကလူတွေကို
"ငါကိုယ်တော်ရဲ့အတင်းအဖျင်းကိုပြောဆိုသည့်အတွက်..ဖီချိုကြိုးနှင့်ရိုက်စေ.."
ထိုအခါမှအစေခံတစ်သိုက်မှာဝမ်အရှင်ကိုဒူးထောက်တောင်းပန်ကြသည်။ဖီချိုကြိုးသည်တစ်ချက်ရိုက်ခံရရုံနဲ့လူ့ခန္ဒာကိုယ်မှာရှိတဲ့သွေးတွေအကုန်လုံးကိုပွက်ပွက်အံစေပြီးနှစ်ချက်ရိုက်ခံရပါကနှလုံးနှင့်အသည်းမှာကြေမွပြီးနာကျင်ခံစားရမှာဖြစ်သည်။
မည်သို့ပင်တောင်းပန်ပါစေဖီချိုကြိုးရဲ့အပြစ်ပေးစစ်သူကြီးကတော့သူတို့ကိုခွေးလိုနွားလိုခေါ်ထုတ်သွားခဲ့သည်။နန်းတော်ရဲ့အရက်စက်ဆုံးအပြစ်ပေးတရားစီရင်ခန်းကိုချမှတ်ခဲ့တာမို့အရှင်ချစ်ရတဲ့အမျိုးသားကိုမျက်လုံးနဲ့တောင်မော်မကြည့်ရဲသည်အထိကြောရမည်ဟုကောလဟာလထွက်သည်အထိ။
ဘာအပြစ်ပေးလို့ပေးမှန်းမသိအူကြောင်ကြောင်ရုပ်ကလေးနဲ့ရှောင်းအလှလေးကိုတော့ဝမ်ရိပေါ်ကျေနပ်မိသည်။သို့ပေမဲ့ရှောင်ကျန့်မှာတော့ဖခင်ရဲ့ဖီချိုးကြိုးအကြောင်းပြောပြမှုကိုနားထောင်ဖူးတာမို့အသံတိတ်ကြောက်မိရုံသာ။
-----------------------------------------------------------