ကိုယ်ပိုင်အလုပ်နေရာတွင် ထိုင်နေတဲ့ ဂျုံဆောင်းဟာ ဘေးကဖုန်းကိုတကြည့်ကြည့်နဲ့ ဂနာမငြိမ်။ ဒါကို သူ့ဘေးက ဆောင်းဟွန်းမှာ သတိထားမိသွားလေပြန်တော့ ခေါင်းတစ်ခါခါနှင့်လုပ်သည်။
မနေ့ညကလည်း ဘီယာသွားဝယ်မယ်ဆိုပြီး စတိုးဆိုင်ကိုထွက်သွားတဲ့သူက ကွန်ဒိုကို နောက်ကျမှပြန်ရောက်လာပြီး ဆောင်းဟွန်းတောင် မစောင့်နိုင်တော့ဘဲ အရင်အိပ်လိုက်ရသည့်အထိ။
အခုလည်း အလုပ်ချိန်မှာ ဖုန်းကိုတကြည့်ကြည့်လုပ်နေပြန်ပြီ။ ဒီကောင် ဘာတွေဂယက်ထနေတာလဲတွေးရင်း
' ဘာလဲ ပတ်ဂျုံဆောင်း ရည်းစားရနေတာလား? '
အချစ်ဦးဆိုတဲ့လူက ပြစ်မှုကျူးလွန်သူဖြစ်နေလို့ မြန်မြန် move on လုပ်လိုက်ပြီး ရည်းစားများရသွားတာလားတွေးမိရင်း ဆောင်းဟွန်းကတော့ကျေနပ်နေမိသည်။
မှန်တယ်။ ပတ်ဂျုံဆောင်းက အဲ့လိုဖြစ်သွားရမှာ ၊ အဲ့လိုဖြစ်သွားစေချင်ခဲ့တာ။ သို့ပေမယ့်လည်း အဲ့ဒီအရာတွေအကုန်လုံးက တစ်သက်လုံးဖြစ်မြောက်လာမည်မဟုတ်သော ဆောင်းဟွန်းရဲ့အတွေးသက်သက်ပင်ဖြစ်ပြီး
အခုအချိန် သူ့ချစ်သူငယ်ချင်းလေးရဲ့ အတွေးတွေကိုသာ ကြားနိုင်ခဲ့မယ်ဆိုလျှင် ဆောင်းဟွန်းတစ်ယောက် သွေးတက်လိုက်မယ့် ဖြစ်ခြင်းပင်။
' ဘာလို့ ဆက်သွယ်မလာရတာပါလိမ့် '
အနမ်းတို့ပြက်လပ်သွားချိန်မှာ သူ့ဖုန်းနံပါတ်ကိုတောင်းလို့ ပေးပြီးတာနဲ့တစ်ပြိုက်နက် ရှက်ရှက်နဲ့ထိုနေရာကနေ ထွက်ပြေးလာခဲ့မိတဲ့ ဂျုံဆောင်းဟာ အနောက်ကိုလုံးဝလှည့်မကြည့်မိခဲ့ပါ။
ဖုန်းနံပါတ်တောင်းခံလိုက်ရတာကြောင့် ဒီနေ့မှာ ဆက်သွယ်လာမည်ထင်ခဲ့ပေမယ့် တစ်နေသာကုန်သွားတယ် ဘာမှထူးခြားမလာခဲ့ပါချေ။
စိတ်ဓါတ်ကျကျနဲ့ သက်ပြင်းသာချရင်း အခုအလုပ်ဆင်းရန်အတွက် ယူနီဖောင်းကိုပြန်လဲနေတဲ့ ဂျုံဆောင်းကို ဘေးက ဆောင်းဟွန်းက လှမ်းပြောလာတယ်။
" ငါ ဒီည ကင်းလှည့်ဖို့ရှိတာမို့ ကွန်ဒိုကိုတံခါးတွေသေချာပိတ်ပြီး အိပ်ဦး ဂျုံဆောင်း ၊ မနက်ကြရင်လည်း နောက်မကျစေနဲ့နော် ငါနဲ့ဂျူတီလာလဲ "
ok sign ထောင်ပြလိုက်ပြီး ဆောင်းဟွန်းကိုလှည့်တောင်မကြည့်နိုင်ဘဲ ထွက်လာမိတဲ့ဂျုံဆောင်း။
ဆောင်းဟွန်းနဲ့သူနဲ့က အလုပ်စဝင်ကတည်းက စခန်းနဲ့အနည်းငယ် နီးတဲ့ ကွန်ဒိုတစ်ခုမှာ နှစ်ယောက်အတူတူစုနေဖြစ်ခဲ့တယ်။ ဂျုံဆောင်းရဲ့အဖေဖြစ်သူ ရဲမှူးကြီးမှာလည်း အခုတော့ရာထူးတိုးလို့ တစ်ခြားမြို့ကို တာဝန်ကျပြီးသွားကတည်းက ဂျုံဆောင်းတို့အိမ်ခွဲနေဖြစ်တော့တာပဲ။
YOU ARE READING
𝗘𝗩𝗔𝗡 [ 𝗁𝖾𝖾𝗃𝖺𝗒 ] ✔️
Fanfiction" A POLICEMAN who fell in love with A CRIMINAL " LEE HEESEUNG X JAY _ a completed story _