N

315 37 11
                                    

" ပတ်​ဆောင်းဟွန်း!! "

* ခွပ် *

လျှပ်တပြတ် အရှိန်နဲ့ထိုးခံလိုက်ရတာ​ကြောင့် သတိမမူမိတဲ့အခါ ​ဘေးသို့​လည်သွားတဲ့ပါး​စောင်နှင့်အတူ ခန္ဓာကိုယ်မှာ နံရံကို ခပ်ကြမ်းကြမ်းကပ်သွားပါ၏။

" ပတ်ဂျုံ​ဆောင်း! မင်း ဒါ ဘာလုပ်တာလဲ "

နှုတ်ခမ်းထောင့်နားတွင် ရှိ​နေ​သော ​သွေးစ​တွေကို လက်ဖြင့်သုတ်ရင်း ​မေးလိုက်တဲ့အခါ သူ့အ​ရှေ့က သူငယ်ချင်းဖြစ်သူက ​မေးရိုး​တွေပါထင်း​နေတဲ့အထိ ​ဒေါသ​တွေဖြစ်ပွား​နေခဲ့တယ်။

" Evan ကို မင်းက ဖမ်းလိုက်တာဆို "

ဟုတ်သည်။ Evan ကို ဖမ်းဆီးနိုင်လိုက်တဲ့ ရဲဝန်ထမ်းက ပတ်​ဆောင်းဟွန်းပဲ။ အခုလည်း သူက Evan ကို စစ်​ဆေး​မေးမြန်း​နေတဲ့အချိန်အတွင်းမှာ လိုအပ်တာယူစရာရှိလို့ စခန်းကိုခဏပြန်​ရောက်လာတဲ့အချိန်မှာ သူ့ကို​စောင့်​နေတဲ့ဂျုံ​ဆောင်းဆီက အထိုးခံလိုက်ရတာပင်။

" ဟုတ်တယ် ဘာဖြစ်လို့လဲ ဒါကငါ့တာဝန်ပဲ​လေ "

" ပတ်​ဆောင်းဟွန်း!!! "

" ပတ်ဂျုံ​ဆောင်း!! မင်း သတိကပ်စမ်း!!! "

ဒီတစ်ခါမှာ​တော့ အထိုးခံလိုက်ရသူက ဂျုံ​ဆောင်း။
လဲကျ​နေရာမှ ထလာတဲ့​ဆောင်းဟွန်းဟာ သူ့သူငယ်ချင်း​လေး သတိကပ်​စေရန်အတွက် အခုလိုလုပ်လိုက်ရခြင်းပင်ဖြစ်သည်။

" ဂျုံ​ဆောင်း ငါမင်းကိုအစကတည်းက သတိ​ပေးထားခဲ့တယ်​လေ မင်းဖယ်​နေပါလို့
အခု ငါလည်းငါ့အလုပ်ငါလုပ်သလို Evan ကလည်း သူ့အပြစ်ကိုသူခံယူ​နေတာ "

ဂျုံ​​ဆောင်းရဲ့အင်္ကျီ​ကော်လံစကိုဆွဲ၍ သတိ​ပေး​နေ​သော ​ဆောင်းဟွန်းမှာ သူငယ်ချင်းဖြစ်သူကို​ဒေါသထွက်​နေတာမဟုတ်ဘဲ လမ်းမှားမ​ရောက်​စေရန်နှင့် အခုလက်ခံရမည့်အရာကို လက်ခံလိုက်​စေချင်တာပင်။

" ​ဆောင်း .. ​ဆောင်းဟွန်း ဒါ​ပေမယ့် သူကငါ့ရဲ့ "

" ငါသိတယ် ဒါ​ပေမယ့် မင်းအခု လက်ခံလိုက်​တော့ဖို့အချိန်ကျ​နေပြီ။ Evan က မင်းသူ့ကိုမ​တွေ့ခင်ကတည်းက ဒါ​တွေမှာ သူကျင်လည်​နေတာကြာ​နေခဲ့ပြီးပြီ​လေ .. ဘယ်လိုပဲဖြစ်​နေပါ​စေ သူက ထိုက်တန်တဲ့အပြစ်ဒဏ်ကိုကျခံရမှာပဲ သူ့​ကြောင့် လူ​တွေ​သေဆုံးသင့်သ​လောက်​သေဆုံးပြီးပြီပဲ "

ဂျုံ​ဆောင်းဟာ ဒူး​ထောက်ကျလျက်သား။
​ဆောင်းဟွန်း​ပြောသမျှအ​ကြောင်းအရာ​တွေက အကုန်အမှန်တရားဖြစ်​နေတာ​ကြောင့် သူပြန်မ​ချေပနိုင်​တော့တာ။

ဒါ​ပေမယ့်လည်း ချစ်ရသူကို ကယ်တင်ချင်စိတ်က​တော့ သူ့မှာရှိ​နေ​သေးတယ်။ သို့​ပေမယ့်လည်း အခုလက်ရှိအ​ခြေအ​နေနဲ့ သူမလုပ်နိုင်​တော့ဘူး။ ပြသာာနာ​တွေကိုဖန်တီးလိုက်ရင် သူက ရဲဝန်ထမ်းလက်မှတ်အသိမ်းခံရမယ့်အပြင် သူ့အ​ဖေ ရဲမှူးချုပ်ကိုပါ အရှက်ရ​စေလိမ့်မယ်။

𝗘𝗩𝗔𝗡 [ 𝗁𝖾𝖾𝗃𝖺𝗒 ] ✔️Where stories live. Discover now