အချစ်လေညှင်း Part 1

195 3 0
                                    

အချစ်လေညှင်း အပိုင်း ၁
၂၀၁၂ စက်တင်ဘာလ

ဆိတ်ငြိမ်ရပ်ကွက်တစ်ခုရဲ့ ကွန်ကရစ်လမ်းတစ်ခုပေါ်မှာပြိုင်ဘီး တစ်စီး အလျင်နဲ့ရွေ့နေတယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဆိတ်ငြိမ်ရပ်ကွက်တစ်ခုရဲ့ ကွန်ကရစ်လမ်းတစ်ခုပေါ်မှာပြိုင်ဘီး တစ်စီး အလျင်နဲ့ရွေ့နေတယ်

မောင့်စိတ်တွေလဲ နင်းနေတဲ့စက်ဘီးနဲ့အပြိုင် လွင့်နေတယ်

ခုညမတိုင်ခင် အိမ်ကထွက်နိုင်မှ မာမီနဲ့ မျက်နှာခြင်းမဆိုင်ရမှာ
နင်းထား မောင် အမြန်လေး

မောင့်ဒယ်ဒီနဲ့မာမီက မောင်ငယ်ငယ်လေးကတည်းက လမ်းခွဲလိုက်ကြပြီး
မောင် မာမီနဲ့လိုက်နေခဲ့ရတယ်

မောင် ဒယ်ဒီနဲ့အတူလိုက်သွားချင်ပေမယ့်
ကလေးကငယ်သေးတဲ့အကြောင်းပြချက်နဲ့
မိခင်နဲ့သာနေသင့်ကြောင်း မာမီအနိုင်ရခဲ့တာလေ
မောင်ကျောင်းပြီးတဲ့အချိန် ဒယ်ဒီရှိတဲ့ UK ကို လိုက်သွားမယ် မာမီလွှတ်ရင်ပေါ့......

မောင် မာမီ့နောက်မိသားစုနဲ့ နေရတာ အဆင်မပြေဘူး ဒယ်ဒီ့ကိုလွမ်းတယ်
မနက်ဖြန် ဒယ်ဒီ့မွေးစားမေမေ မောင့်ဘွားဘွားဆီ ထွက်ပြေးဖို့ မောင်အားလုံးစီစဉ်ပြီးပြီ
မောင်ကျောင်းပြီးအောင် မစောင့်နိုင်တော့ဘူး

ကျွီ""""ဒုန်း ....ခွမ်း
အား....
မောင် လွင့်နေတဲ့စိတ်ကို ပြန်စုချိန်မရလိုက်ဘူး
ရပ်ထားတဲ့ကားကို ဝင်တိုက်လိုက်မိပြီ

"အ... အလျင်လိုနေမှကွာ အား"
ထောက်လိုက်မိတဲ့လက်နဲ့
မောင့် ခြေထောက်‌ပေါ် ပိနေတဲ့စက်ဘီးကိုဆွဲအထူ

"အား....ဘဝဲ ဘဝဲ သားလေး "
မောင့်လက်မှာ ဘဝဲရဲ့ အိမ်လေးက ကွဲသွားတဲ့ မှန်ကွဲစနဲ့ သွေးတွေ ပြီးတော့ ရွှေငါးလေး ဘဝဲ
မောင့် ကလေးလေးဘဝဲ
ပြီးတော့ ကားဘတ်မှန် အကျိုး

ဘဝဲကိုကယ်ရမယ် ဘဝဲရေ
မောင် ကျောပိုးအိတ်ထဲက စာအုပ်တစ်အုပ်ကို ယူဖုန်း နံပါတ် အမြန်‌ရေးပြီးဘတ်မှန်အကျိုးနဲ့ ဖိခဲ့
ဘဝဲကို ကျောပိုးအိတ်ထဲ အသာပြန်ထည့်
ဖန်ရေကန်လေးကတော့ ကွဲသွားပြီမလို့
မြတ်တို့အိမ် အမြန်နင်းရပြီလေ

ကားပိုင်ရှင်ကို သူဖုန်းဆက်လာမှ သေချာတောင်းပန်ပါတော့မယ်

ဆက်ရန်

အချစ်လေညှင်းWhere stories live. Discover now