အချစ်လေညှင်း Part 4

35 1 0
                                    

အချစ်လေညှင်း Part 4

ရန်ကုန် မှ  မန္တလေး သို့
"မြတ် ဘဝဲကို အပ်တယ်နော်......
အေးပါ ‌...အင်း....ကားထွက်နေပြီ စိတ်ချ....
သက်သာတယ် ......အင်းအင်း ..ရောက်ရင်ဆက်မယ်..Good night ""

Backpack တစ်လုံးနဲ့
ကောင်ငယ်လေး သူ့ဘေးကို လာထိုင်ရင်း ဖုန်းက ပြောနေသေးတယ်
လက်မှာလဲပတ်တီးနဲ့ နေမကောင်းတာများလား...

ငြမ်း ဆရာဝန်ပီပီ ကြည့်မိသွားသည်။

"ဟေ့လူ ဒီမှာ ကျတော် ပြတင်းပေါက်ဘေးမှာ ထိုင်လို့ရမလား "

"မရဘူး"

"Thanks"

ငြမ်း ထိုကောင်လေးဘက် လှည့်မကြည့်ဘဲ ဖြေလိုက်တာကို ကျေးဇူး တဲ့လား
အေးဆေး သွားချင်ပါတယ်ဆိုမှ
ငြမ်း နေကာမျက်မှန်တပ်ပြီး လက်ပိုက် အိပ်နေလိုက်သည်။

Express ကားကြီးက တရိပ်ရိပ်ပြေးနေချိန်

"ဒီမှာ ကျတော့်ကို ရေဘူးလေး ဖွင့်ပေးပါလား"
"ဟေ့လူ...ဒီမှာခဗျ"

အိပ်နေတာများလား မောင်ဆေးသောက်ဖို့
ရေဘူးကဖွင့်မရ လက်က ပိုနာလာလို့ အကူညီတောင်းတာကို ဘေးက လူကြီးက ရုပ်ချောသလောက် နေရာလဲ လဲမပေးဘူး
ခေါ်တာလဲ မကြားယောင်ဆောင်နေတယ်။
သူများကို အားမကိုးချင်စမ်းနဲ့ မောင်ရေ
ကြိုးစားဖွင့်ကြည့်စမ်းပါ

"အ အား"

ငြမ်း ဘေးကနေ တစ်ချိန်လုံး လှုပ်ရွနေသော ကောင်လေးကြောင့် အိပ်မရ တစ်နေကုန် ပင်ပမ်းထားတဲ့စိတ်ကို ခဏလေး အနားပေးလို့တောင်မရပါလား

"ပေး"
"ဟင်..."
"ရော့"
"ဟုတ် ကျေးဇူး"
မောင် ရေဘူးဖွင့်ပေးတာ ယူလိုက်ပြီး
ဆေးသောက်ဖို့ဆေးလုံးကို အထုတ် ကားက ဘရိတ်အုပ်ချိန် ကွက်တိ

"မင်းဆေးတွေကျကုန်ပြီ နေမကောင်းဘူးလား
ငါကောက်ပေးမယ် "
"ရတယ် ရတယ် ကျတော့ဘာသာ ကောက်!.."
"အ"
မောင့်ခေါင်းနဲ့ ထိုလူကြီး နှာခေါင်းကို မောင်တိုက်မိလိုက်တာ ‌

"Sorry sorry ကျနော်က ဟို"
"ရတယ် ကိစ္စမရှိဘူး မင်း လက်က ဘာဖြစ်တာလဲ
ဆေးက ‌လိမ့်သွားပြီ sorry"
"စက်ဘီး မှောက်တာပါ ရပါတယ် မသောက်တော့ဘူး ....ခင်ဗျား နှာခေါင်း ရရဲ့လား"
"ရတယ်"

အချစ်လေညှင်းМесто, где живут истории. Откройте их для себя