အချစ်လေညှင်း Part 2

87 2 0
                                    

အချစ်လေညှင်း Part 2"ဆရာကြီး ရှင့် ခွဲခန်းဝင်နေတုန်း ဖုန်းလာထားပါတယ်"ကြာချိန် ၄နာရီနီးပါး Operation ဝင်ပြီး ပြန်အထွက် nurse ပြောတဲ့စကားကြောင့်ငြမ်း ထိတ်လန့်သွားမိသည်။ဖုန်း ကိုကြည့်လိုက်တော့

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အချစ်လေညှင်း Part 2
"ဆရာကြီး ရှင့် ခွဲခန်းဝင်နေတုန်း ဖုန်းလာထားပါတယ်"
ကြာချိန် ၄နာရီနီးပါး Operation ဝင်ပြီး ပြန်အထွက် nurse ပြောတဲ့စကားကြောင့်
ငြမ်း ထိတ်လန့်သွားမိသည်။
ဖုန်း ကိုကြည့်လိုက်တော့

"မေသစ် " .....ဖုန်းပြန်ခေါ်ရင်း တာဝန်ကျဆရာမကို
လူနာအတွက်မှာစရာရှိတာ မှာခဲ့ပြီး ကားပါကင်ကို ပြေးလွှားသွားသော ငြမ်း။

တံခါးပွင့်နေသည့်
ခြံထဲလှမ်းကြည့်တော့ ကားသုံးစီးရောက်နေပြီ။
ခြံစောင့်ဘမှန်ပြေးထွက်လာတာမြင်ရတော့
ငြမ်း ကားပေါ်ကဆင်းပြီး
"ဘမှန် ဘယ်လိုဖြစ်တာလဲ ....
ကျွန်တော့ကားလေး ပါကင်ထိုးပေးပါနော်"
"လူလေး အေးအေး လူလေးကိုစောင့်နေတာ ပေးပေးကားသော့ "

ငြမ်းအထွဋ်
အဘွားဒေါ်‌သစ်လွင်ခင်ခင် ရဲ့
တစ်ဦးတည်းသော မြေးငယ်
မိတဆိုးလေးဖြစ်လို့ အဘွားသာ အမေ ဖြစ်ခဲ့ရတာ

အိမ်ကြီးထဲဝင်ဝင်ချင်း
မမကြီးရဲ့အသံကိုဦးစွာကြားလိုက်ရသည်။

"သိပ်မစိုးရိမ်ရရင် ငါလဲမအားဘူး ငါမလိုက်နိုင်ဘူး....သူ့သားလေးရော အားကိုးရတဲ့သားလေးက ဖုန်းတောင်မကိုင်နိုင်ပါလား လူကရော...."

"ဟော.... ဟိုမှာ လာပါပြီ Dr ကြီး"
မမလေးအသံရဲ့နောက်မှာ သူ့ကိုပြေးဖက်လာတဲ့ မမငယ်
"အထွဋ် အထွဋ် လုပ်ပါဦး ဘွားမေ လေ ဘွားမေ....."
"ကျွန်တော်ရောက်ပါပြီ မမကြီး။ ခွဲခန်းဝင်နေချိန်မလို့ ဖုန်းမကိုင်လိုက်ရတာပါ တောင်းပန်ပါတယ်"

"အေး လာပြီလား မင်းအဘွားကတော့ စိုးရိမ်စရာမရှိတော့ဘူးလို့ ဦးလေးခ ပြောတယ် ဘွားမိသားစု ဆရာဝန်ကြီးကို ဖုန်းဆက်မရလို့ ငါ့ဆီဆက်တာတဲ့လေ ဟင်းဟင်း....ဆေးရုံကြီး အရေးပေါ်ခန်းမှာတဲ့ "

"ကျွန်တော် လာရင်း ဘွားနဲ့စကားပြောရပါတယ်
မနက်ဖြန် ကျွန်တော် မန္တလေးကို လိုက်သွားပါမယ်
မမကြီးတို့ မအားရင် မလိုက်ပါနဲ့"

"အထွဋ် မမငယ် သဘက်ခါလိုက်ခဲ့မယ်
ဘွားကိုပြောပေးနော် မောင်လေး"

"မလေးနဲ့ မမကြီးကတော့ မလိုက်တော့ဘူး အထွဋ်ရေ
မင်းရှိရင် ရတာပဲ....။ meeting ရှိလို့ လေး
သွားပြီနော် မမကြီး။ ငယ် နင်နေဦးမလား ငါသွားပြီ"

"ကျွန်တော်လည်း သွားလိုက်ပါဦးမယ် လူနာထားခဲ့ရလို့ပါ"
ငြမ်း မမငယ်ကိုပဲ ခေါင်းငြိမ့်ပြပြီး ထွက်လာခဲ့သည်။

ခြံဝအရောက် ဘမှန် နဲ့သူ့ကားကိုတွေ့လိုက်ရတော့

"လူလေးရေ ဘမှန် ကားကိုသေချာ လမ်းဘေးချရပ်ထားတာပါ အဲ့တာ ....."

ကားဘက်မှန်အကျိုးရယ် စာအုပ်လေးတစ်အုပ်ရယ် လှမ်းပေးတယ်
"တိုက်သွားသူတော့ မတွေ့လိုက်ဘူး ဒါလေးပဲ"

ငြမ်း ကားဘေးကို လျှောက်သွားပြီး ကြည့်လိုက်တော့ ဖန်ကွဲစတွေရယ်

"ရပါတယ် ဘမှန် ကျွန်တော်လဲ လောသွားတာ
မောင်းလို့ရပါတယ် car workshop ကို ဖုန်းဆက်လိုက်မယ်"
ငြမ်း စာအုပ်လေးကို လှမ်းယူလိုက်တော့
သွေးစတချို့နဲ့ လက်ရေးသော့သော့ တစ်ကြောင်း

မောင့်ကိုဖုန်းဆက်ပေးပါ 09******"***

ဆက်ရန်








အချစ်လေညှင်းWhere stories live. Discover now